ချစ်လွန်းလို့ (အပိုင်း-၂၂)(U+Z )

9.1K 543 26
                                    

(Unicode)

နောက်တစ်နေ့မနက်...

အိမ်ပြင်ထွက်ရတော့မှာမို့

ကျွန်တော် အရမ်းပျော်နေမိတယ်။

ကျွန်တော် ကိုရှိုင်းနဲ့လည်း

အရမ်းတွေ့ချင်မိတယ်။

ကိုရှိုင်းပေါက်စလေး

ကျွန်တော့ ဗိုက်ထဲမှာ

ရှိနေတာ ကိုရှိုင်းသိရင်

အရမ်းဝမ်းသာမှာပါ။

ကျွန်တော် ပျော်ရွှင်စွာ

အောက်ထပ်က ဆင်းလာတော့

ကျွန်တော်ပေါ် ကျလာခဲ့တဲ့

ကြက်သီးတောင်ထေစတဲ့

နဂါးမျက်စောင်း။

"ဘုန်းရှိန် မင်းဒီနေ့အရမ်းပျော်နေပါလား"

"ငါ..ငါအရင်ထဲက အဲ့လိုပဲလေ"

"ဘုန်းရှိန်...စည်သူဆိုတဲ့ ငါက

မင်းအကြောင်းကို မင်းထက်ပိုသိတယ်နော်"

"အင်းပါ ငါသိပါတယ်"

"ငါမင်းနဲ့ လိုက်ခဲ့မယ်"

"ဟမ်.....ဘာဖြစ်လို့လည်း

မလိုက်ပါနဲ့"

"ငါမင်းနဲ့လိုက်တာ အဲ့လောက်တောင်

ကြောက်ဖို့ကောင်းနေတာလား?

ဘာလည်း မင်းကိုရှိုင်းနဲ့

မတွေ့ရမှာ ဆိုးလို့လား"

"မဟုတ်ပါဘူး မင်းပင်ပန်းမှာဆိုးလို့ပါ"

"မပင်ပန်းဘူး ရပါတယ်

ငါအဝတ်အစားသွားလဲလိုက်မယ်။

ပြန်မပြောနဲ့

ငါလိုက်မယ် ဒါပဲ။"

"အင်းပါ"

ငါမင်းစီက ဒီတစ်သက်

မလွတ်နိုင်တော့ဘူးလား?။

................................

ကျွန်တော် အိမ်ရှေ့မှာ စောင့်နေတုန်း

အိမ်ထဲက ကားတစ်စီးထွက်လာတာတွေ့လို့

ကြည့်လိုက်တော့ ဘုန်းရှိန်က

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now