ချစ်လွန်းလို့ (အပိုင်း-၁၆)(U+Z)

10.7K 592 52
                                    


(Unicode)

ဒီနေ့မနက် ကိုရှိုင်း အလုပ်သွားတာနဲ့

ကျွန်တော်လည်း စည်သူ ချိန်းထားတဲ့

နေရာကို ထွက်လာလိုက်တယ်။

"ဘုန်းငါဒီမှာ"

"အေး ဒါနဲ့ မနေ့က ဓာတ်ပုံ

မင်းဘယ်က ရတာလည်း"

"ငါမုန့်သွားစားရင်းနဲ့ ကိုရှိုင်းကို

ကောင်မလေး တစ်ယောက်နဲ့

တွေ့လိုက်လို့ အနောက်က 

လိုက်သွားတာ ငါမြင်လိုက်ရတာကတော့

မင်း ဓာတ်ပုံထဲမှာ တွေ့ခဲ့တဲ့ ဟာပဲ။

နောက်တော့ ငါအဲ့ကောင်မလေးအကြောင်း

စုံစမ်းတော့ အရင်က သူကကိုရှိုင်းနဲ့ 

လူကြီးချင်း သဘောတူထားတဲ့

သူမှန်း သိလိုက်ရတယ်"

"ဘာ လူကြီးချင်း သဘောတူထားတာလား"

ကိုရှိုင်းပြောတော့ အတွင်းရေးမှူးထက်

မပိုဘူးဆို။

"ဟုတ်တယ် သူက

အဲ့ကောင်မလေးကိုသာ လက်ထပ်ခဲ့ရင်

သူ့ဘဝ အခုအချိန် လုံးဝမိုက်နေပြီ။

ပြီးတော့ အဲ့ကောင်မလေးနဲ့

သူတို့က တော်တော် ရင်းနှီးတာ

ဘယ်လောက်ထိ ရင်းနှိးလည်း ဆိုတော့..."

"တော်ပြီ စည်သူ တော်ပြီ

ကိုရှိုင်း ငါ့ကိုသာ မယူခဲ့ရင်

သူ့ဘဝ တကယ် ကောင်းစားမှာ

ငါက သူ့ဘဝ အတွက် ဂြိုလ်ဆိုးပါ။

ကိုရှိုင်း ငါ့ကိုသာ မယူခဲ့ရင်

အခုချိန် မိသားစု ဘဝလေး 

ပိုင်ဆိုင်နေလောက်ပြီ။

ဟီးးးးဟီးးးးး"

ငိုနေတဲ့ ဘုန်းရှိန်ကို ဖက်ပြီး နှစ်သိပ်ပေးရင်း

"ဘုန်း အခုမင်း ဘာဖြစ်ချင်တာလည်းပြော

ငါ ကူညီပေးမယ်"

"ငါမုန်းချင်တယ်"

"ဘယ်သူ့ကိုလည်း ဘုန်းရှိန်"

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now