ချစ်လွန်းလို့ (အပိုင်း-၂၁)(U+Z)

9.2K 551 60
                                    

(Unicode)

ကျွန်တော် ဒီနေ့နိုးလားတော့ ကျွန်တော်နဲ့

မရင်းနှီးတဲ့ နေရာကို ရောက်နေခဲ့တယ်။

သေချာကြည့်လိုက်တော့

ကျွန်တော်အခုရောက်နေတာ

ဆေးရုံပဲ။

ကျွန်တော် ထမို့လုပ်တုန်း အခန်းထဲကို

လူဝင်လာတဲ့ အသံကြားတာကြောင့်

ပြန်အိပ်နေလိုက်တယ်။

"ကိုစည်သူ ဘုန်းရှိန်ကို အခုအချိန်မှာ

စိတ်ညစ်အောင် မလုပ်ပါနဲ့လို့

မနေ့ကတည်း ပြောထားခဲ့တယ်လေ

ပြီးတော့ အအေးလည်း မိထားသေးတယ်

ဘယ်လိုဖြစ်တာလဲ "

"ကျွန်တော် တောင်းပန်ပါတယ် ဆရာ။

အအေးမိတာက မနေ့က တစ်ညလုံးသူ

ပန်းခြံမှာ သွားအိပ်နေလို့ပါ။"

"နောက်တစ်ခါ အဲ့လို မဖြစ်စေပါနဲ့။

ဘုန်းရှိန်အတွက်ကော သူ့ဗိုက်ထဲက

ကလေး အတွက်ကော အန္တရယ်ရှိလို့ပါ"

ဘာ ကလေး....ငါ့ဗိုက်ထဲမှာ

ကိုရှိုင်းရဲ့ ကလေးရှိနေပြီလား?

ကိုရှိုင်း အဲ့နေက မူးနေလို့

သုံးဖို့ မေ့သွားခဲ့တာလား။

ကိုရှိုင်းနဲ့ ဝေးရပြီ ထင်ထားတာ

အခုလို ကိုရှိုင်းပေါက်စလေး

ရောက်လာမယ် မထင်ထားဘူး။

"အဲ့ကလေးကို ဖျက်ချလိုက်လို့

မရဘူးလား ဆရာ"

ဟမ် ငါ့ကလေးကို ဖျက်ချတော့မှာလား?

အခုတော့ ဘယ်လိုမှ ဆက်ငြိမ်ခံနေလို့

မဖြစ်ဘူး။

"မလုပ်ပါနဲ့ ကျွန်တော့ ကလေးကိုတော့

မဖျက်လိုက်ပါနဲ့ တောင်းပန်ပါတယ်။

စည်သူ ငါမင်းနားမှာပဲ နေပါမယ်။

ငါကိုရှိုင်းစီလည်း ပြန်မသွားပါဘူး

ကိုရှိုင်းနဲ့ စကားတောင် မပြောပါဘူး။

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now