ချစ်လွန်းလို့ (အပိုင်း-၁၇)(U+Z)

9.3K 561 40
                                    

(Unicode)

စည်သူ့အိမ်တွင်.....

ကျွန်တော် မနက် ကျောင်းသွားဖို့

လုပ်နေတုန်း ကျွန်တော့ အိမ်ကို

ဘုန်းရှိန်ရောက်လာခဲ့တယ်။

"ဘုန်းလာလေ ဒီမှာလာထိုင်

ဘာကိစ္စရှိလို့လည်း အိမ်ထိ လိုက်လာတာ"

"ငါ ကိုရှိုင်းအိမ်ပေါ်က ဆင်းလာလိုက်ပြီ"

"ဟမ် ဘာဖြစ်လို့လည်း"

"ငါပင်ပန်းလာပြီ

ကိုရှိုင်းကို သဝန်တိုနေရတာ

ပင်ပန်းလာပြီ။

သူ ဘာလုပ်လုပ် ငြိမ်ခံနေရတာ

ပင်ပန်းလာပြီ။

သူငါ့ကို ပြန်ချစ်လာမဲ့ ရက်ကို

မျော်နေရတာ ပင်ပန်းလာပြီ။

သူ့ကို ချစ်နေရတာ အရမ်းကို

ပင်ပန်းလာပြီ။

ငါ ကိုရှိုင်းနဲ့ အဝေးဆုံးကို

သွားချင်တယ်။

ငါ့ကို ကူညီပါကွာ။"

"အဲ့ဒါနဲ့ပဲ မင်းအိမ်ပေါ်က.

ဆင်းလာ စရာလား

ပြောပြီး ဖြေရှင်းလို့ ရတာပဲလေ"

"တော်ပါပြီ စည်သူ

အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါဘာမှ

မပြောချင်တော့လို့ပါ။

မင်းမကူညီနိုင်လည်း ရပါတယ်

ငါ အဖူးမကို အကူအညီ

တောင်းလိုက်မယိ။"

ပြောပြီး ထပြန်ဖို့ လုပ်တဲ့

ဘုန်းရှိန်လက်ကို စည်သူ

လှမ်းဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်ကာ

"ငါ မင်းကို ကူညီပါ့မယ်။

မင်းအခုလို ထွက်လာတာ

အဖေသိပြီးပြီလား"

"အင်း ညကငါ ကိုရှိုင်းအိမ်ကနေ

ထွက်လာပြီး အဖေ့စီပဲ အရင်

သွားလာတာ။ အဖေက

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now