Extra-End (U+Z)

16.2K 548 80
                                    

(Unicode)

အခုဆိုရင်တော့ ပေါက်စလေးက
တစ်နှစ်ပြည့်နေပြီဗျ။
အရမ်းလည်း ချစ်ဖို့ကောင်းလာတယ်ဗျ။
ပေါက်စလေးရဲ့ နာမည်ကတော့
ဘုန်းသက်ပိုင် ပါ။
ကလေးက အသက်နဲ့ရင်းပြီး
မွေးပေးခဲ့တာမို့ ကလေးနာမည်အရင်ဗျ။
နောက်ပြီးတော့ ကျွန်တော်နာမည်ပါ
ကျွန်တော်သာ မရှိရင် မဖြစ်လာဘူးလေ
သိတယ်မလား ဟီး ဟီး။အိမ်ခေါ်
နာမည်လေးကတော့ ပေါက်စပါ။

ကလေးက ပေါက်စလေး
မွေးပြီးထဲက ကျွန်တော့နား
သိပ်မကပ်တော့ဘူး ပေါက်စနားမှာပဲ။
ကျွန်တော့သား ဆိုပင်မဲ့
ကြာတော့ အမြင်ကပ်လာပြီဗျ။
အခုလည်း ကြည့်
ကျွန်တော့ကလေးရဲ့ နို့မထွက်တဲ့
ချယ်ရီသီးလေးတွေကို
အဲ့ကောင်ပဲ စို့နေတယ်။

"ကိုကို ဘာကြည့်နေတာလည်း
မမြင်ဖူးတာလည်း မဟုတ်ပဲနဲ့"

"ကိုယ့်ကလေးကို ကြည့်တာ
ဘာဖြစ်လိုလည်း"

ဟယ် ဒီလူကြီး ဘာဖြစ်နေတာလည်း
အောင်မလေး ရုပ်ကလည်းအကောင်လိုက်
မြိုချတော့မဲ့ ပုံပဲ။ ဘီလူးကြီး ပြန်နိုးလာပြီ
မင်းတော့ ဒီနေ့သေပြီ ဘုန်းရှိန်ရေ။

"ပေါက်စက အိပ်နေပြီ
မဟုတ်ဘူးလား "

"ဟုတ် ကိုကို"

"ပေး အဲ့ဒါဆို ပုခက်ထဲ
ထည့်လိုက်မယ်"

"ဟုတ်"

ပေါက်စလေးကို ကုတင်ဘေးက
ပုခက်လေးထဲ ထည့်ပြီး
ကျွန်တော့ နားမှာ လာထိုင်တဲ့
ကိုကို။
ကျွန်တော်တို့ ဖြတ်သန်းခဲ့သမျှကို
ပြန်ပြီး ပြောဖြစ်ခဲ့ကျတယ်။
စတွေ့နေကနေ အခုအချိန်အထိပေါ့။

"အဲ့နေ့ကလေ ဆေးရုံမှာ
ကလေး အော်တဲ့အအော်နဲ့
အပြင်က လူက
အသက်တစ်ဝက်ထွက်ခါနီးပဲ"

"အထဲက ကျွန်တော်က ပိုဆိုးတယ်
နာလိုက်တဲ့ အနာဆိုတာ အသက်မထွက်တာ
ကံကောင်း"

"အဲ့ဒါ ခင်ဗျားလုပ်လို့လေ"
ေပြာနေရင်းနဲ့ အနည်းငယ်
ဒေါသထွက်သွားတာကြောင့်
အသံလေးနည်းနည်းကြည်သွားခဲ့တယ်။

"အင့်.... အင့်...အဟင့်..အဟင့်..."

"ကလေးရေသွားပြီ မင်းအော်လိုက်တာ
ပေါက်စနိုးသွားပြီ"

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now