အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုက တည်မြဲမယ်လို့ ထင်ကြပါသလား သာယာမယ်လို့ရော ရာနှုန်းပြည့်ယုံကြည်ပါသလား
မရေရာမသေချာတဲ့ အချစ်မပါတဲ့အိမ်ထောင်ရေးကို ကျမအခုတည်ဆောက်ရတော့မယ်
ကျမနာမည်ကလင်းလဝန်းသော်ပါ ကျမက သင်္ချာနဲ့ကျောင်းပြီးထားတာပါ
ကျမတို့မိသားစုကချမ်းသာတဲ့မိသားစုထဲ ပါတယ်လို့ပြောလို့ရတယ် ဒါပေမဲ့ ကျမ တက္ကသိုလ်တက်ရမဲ့အချိန်ရောက်မှ ကားအက်စီးဒန့်နဲ့ဆုံးသွားတော့ ကုမ္ပဏီလဲ ဒေဝါလီခံရမလိုဖြစ်လို့ သူများလက်ထဲထိုးပေးလိုက်ရတယ်
အဲ့ထဲကစပြီး ကျမဘဝက ကိုယ့်ဘဝကို ကြိုးစားရပ်တည်ရတော့မှာပဲလေ အဝေးသင်လေးတတ်ပြီး စာပြတဲ့အလုပ်ကိုလုပ်တယ်
ကျမမှာချစ်သူတစ်ယောက်ရှိတယ် သူကကျမကိုအစစအရာရာကူညီပါတယ် ဒါပေမဲ့ ကျမကိုတော့ ဂရုသိပ်မစိုက်ဘူး ချိန်းထားရင်ရောက်မလာတာတို့ အရေးကြီးနေ့တွေဆို အလေးမထားတာတို့
သူ့ကိုပြောလိုက်ရင်လဲ သူ့ဘက်ကအလုပ်များနေလို့ဆိုပြီး အလုပ်ကိုအကြောင်းပြနေတာချည်းပဲ အချိန်ကြာလာတာနဲ့အမျှ နှစ်ယောက်ကြားက အချစ်တွေလျော့လာလို့ပဲလား သွေးအေးလာကြပြီလေ
ကျွန်မအခက်အခဲကို ကူညီပေးခဲ့တဲ့လူက ကျမရဲ့ဖူးစာဘက်ဖြစ်လာလိမ့်မယ်လို့လုံးဝထင်မထားခဲ့ဘူး
ဒီနေ့နိုင်ငံခြားကနေပညာသင်ပြီး မြန်မာကိုပြန်လာရတော့ အရမ်းကိုစိတ်လှုပ်ရှားပြီးပျော်နေခဲ့တယ် နိုင်ငံခြားမှာ စီးပွားရေးဘွဲ့ယူပြီး ကိုယ့်နိုင်ငံမှာ ပြန်ဦးစီးလုပ်ကိုင်ရမှာဆိုတော့ ပျော်နေတာလဲ ပါတာပေါ့
အမိမြေရဲ့လေကိုဝဝကြီး ရှုရှိုက်ရင်း အိမ်ကိုပြန်လာခဲ့တယ် တစ်ယောက်ထဲနေလာခဲ့တဲ့အခါကျတော့ အိမ်မှာ လူများနေတာကိုမကြိုက်လို့ တစ်ယောက်ထဲ အိမ်သက်သက်ဝယ်ပြီး နေဖို့ဆုံးဖြတ်ပြီး အဲ့အိမ်ကို နိုင်ငံခြားမှာနေထဲက အချစ်ဆုံးသူငယ်ချင်းကြီးကို ဝယ်ခိုင်းထားလိုက်တယ်
K group ရဲ့ အသက်အငယ်ဆုံး ceo ဖြစ်တဲ့ ခွန်းမင်းပိုင်
နေနှင်းစက်-ဟဲ့ အိမ်ရောက်ပြီးလား အိမ်ရောအဆင်ပြေရဲ့လား