နောက်နေ့ ကုမ္ပဏီကို bus လေးစီးပြီးသွားလိုက်တယ် အလုပ်ရောက်တော့ ကြားရပါပြီ ငပေါက်ရဲ့ သြဝါဒခြွေသံတွေ
ခွန်း-ငပေါက် နင်ceo လားငါceo လား
စက်-နင်မရောက်လာခင်ထိတော့ ငါကceo ပဲ နင်လာမှငါရာထူးကျတာ အကောင်ရဲ့
ခွန်း-အခုလဲနင်ceo ပါပဲဟာ ceo နှစ်ယောက်ပေါ့ ဘယ်လိုလဲမိုက်တယ်မှတ်လား
စက်-နင့်ရုံးခန်းက ဟိုဘက်မှာ ဪပြီးတော့ အစည်းအဝေးရှိတယ်နော်👨🏻💻
ခွန်း-အေးအေး လာခဲ့မယ်
At အစည်းအဝေးခန်းမ
အစည်းအဝေးမှာ နောက်လုပ်မဲ့ project အတွက်ရော ဝန်ထမ်းအသစ်ခန့်ဖို့ရော မှာစရာရှိတာတွေကိုမှာပြီး အစည်းအဝေးကိုရုတ်သိမ်းလိုက်တယ်
ခွန်း-နောက်နှစ်ရက်နေရင် ငါပြန်လာတဲ့အထိမ်းအမှတ် night party လုပ်မလို့ ငါတို့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေပါဖိတ်လိုက်
စက်-ငါစီစဥ်လိုက်မယ်
ခွန်း-ငါပြန်ပြီ
ခွန်းတစ်ယောက်အိမ်အပြန်လမ်းမှာ စာအုပ်ဆိုင်လေးဝင်ကာ စာအုပ်ရွေးနေသည်
လင်းတစ်ယောက်
စာအုပ်စင်မှာ စာအုပ်တွေဟိုကြည့်ဒီကြည့်နဲ့ စာအုပ်လေးတစ်အုပ်ကိုတွေ့လို့ယူမလို့ရှိသေး နောက်ကလူတစ်ယောက်က လှမ်းယူလိုက်တာကြောင့် အနောက်သို့ကြည့်မိလိုက်သည်ထိုသူကတော့သတိထားမိပုံမပေါ် ခဏကြာတော့
လင်း-ဟိုလေ အဲ့တာက ကျမယူထားတာပါ
ခွန်း-ပိုက်ဆံ မရှင်းခင်အချိန်ထိ ကျွန်တော်လဲ ပိုင်ဆိုင်ခွင့်ရှိတယ်မဟုတ်လား
နှစ်ယောက်သားစကားများနေတာကနေ
သူရိန်-လင်း
လင်း-ကို
သူရိန်-ဘာဖြစ်နေတာလဲ
လင်း-ဒီစာအုပ်လေးကို လင်းကလိုချင်လို့ ဖြစ်ချင်တော့ ဒီကတစ်ယောက်ကလဲလိုချင်နေတာ စာအုပ်ကလဲ တစ်အုပ်ပဲရှိတော့တယ် အဲ့တာကြောင့်
သူရိန်-လင်း ပြန်ရအောင် ကိုတို့နောက်ကျနေပြီ ကိုအလုပ်လေးရှိသေးလို့ ညစာကတော့ နောက်မှစားရအောင်