တစ်ခြားတစ်ဖက်မှာတော့ သူရိန်တို့ ပြဿနာတက်နေတယ် ဘာလုပ်ရမှန်းမသိအောင် ပြဿနာကဘက်ပေါင်းစုံဖြစ်နေတော့
ဦးမြတ်သူလဲ သူ့စီးပွားရေးအတွက် ပူနေရတဲ့အထဲ သူ့သားကိုပါထပ်ပူနေရသည်
စက်နဲ့သဒ္ဒါကတော့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ပြီ ဒါကို သူရိန်မသိ
အဲ့တာကြောင့် အခုချိန်ထိလိုက်ကပ်နေခြင်းဖြစ်သည်
သူရိန်-သဒ္ဒါ ကိုယ်အဖြေတောင်းတာလဲကြာနေပြီ ကိုယ်ကို မပေးသေးဘူးလား
သဒ္ဒါ-သူရိန် ကျမမှာ အလုပ်တွေရှုပ်နေတဲ့ကြားကတောင် ရှင့်ကိုစဥ်းစားပေးရတာ ရှင်ကဒါကိုမစောင့်နိုင်ဘူးလား
သူရိန်-မဟုတ်ပါဘူး ကို စောင့်နိုင်ပါတယ်
သဒ္ဒါ-ဘာလဲသူရိန်က တို့ကိုဆက်ပြီးမကူညီချင်တာလား ရတယ်နော် သဒ္ဒါ K company နဲ့ လက်တွဲလိုက်လို့ရတယ်
သူရိန်-မလုပ်ပါနဲ့ ကို ကူညီမှာပေါ့ အခုတော့ စားပြီးသွားကြရအောင် အလုပ်တွေရှိသေးတယ်မှတ်လား..
သဒ္ဒါ-omm လိုက်မပို့နဲ့တော့ ကိုယ့်ဟာကိုယ်ပဲသွားလိုက်တော့မယ်
သူရိန်တစ်ယောက် သဒ္ဒါကိုစိတ်ဝင်စားတဲ့အချိန်ကစပြီး အလုပ်ထဲစိတ်ဝင်စားခြင်းမရှိတော့
ဦးမြတ်သူနဲ့လဲအမြဲပြဿနာတက်ရသည် ဒါလဲဂရုမစိုက်
လင်း-အား မောင် ဗိုက်နာတယ် အား
ခွန်း-မ ဘာဖြစ်လို့လဲ ရလား
လင်း-အာ့း မောင် မွေးတော့မယ် ထင်တယ်
ခွန်း-ဆေးရုံသွားရအောင်
ခွန်းလဲ လင်းကိုကားပေါ်တင်ကာ ဆေးရုံကိုမောင်းလာခဲ့တယ်
လင်း-မောင် မရောက်သေးဘူးလား အား နာတယ် မွေးတော့မယ်
ခွန်း-ရောက်တော့မယ် မ ခဏလေး
ဆေးရုံကိုရောက်တော့ လင်းကို အရေးပေါ်ခွဲဖို့ပြင်နေကြတယ်
Nurse-လူနာရှင်အပြင်မှာစောင့်ပေးပါနော်
ခွန်း-ဟုတ်ကဲ့
ခွန်း စက် ကိုဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြလိုက်တော့ ချက်ချင်းရောက်လာကြတယ်