အပိုင်း၆

1.6K 152 2
                                    

မင်္ဂဆောင်အတွက် ပြင်ဆင်နေ၍ ခွန်း တစ်ယောက် အလုပ်ရှုပ်နေသည်

သူရိန်လဲ သဒ္ဒါနဲ့ရင်းနှီးဖို့လုပ်နေ၍ ခွန်း ဘယ်သူနဲ့လက်ထပ်မယ်ဆိုတာကိုသတိမထားမိ

စက်-ခွန်း လက်ထပ်ရတော့မှာဆိုတော့ ရင်ခုန်နေပြီလား

ခွန်း-ဒီလိုပါပဲ နင်ရော...

စက်-အဆင်ပြေပါတယ် အခုဆို baby နဲ့သူရိန်နဲ့ကရင်းနှီးနေပြီ

ခွန်း-အေးသတိလဲထားဦး

စက်-သတိလားထားနေရတယ် ငါရှေ့မှာဖုန်းပြောရင်တောင် ဟိုအကောင် ဘယ်လောက်မွန်နေလဲသိသာတယ်

ခွန်း-သူတကယ်ကြီးဖြစ်သွားတာလားမသိဘူး သဒ္ဒါအပေါ်ကို

စက်-ဟုတ်တယ်ဟေ့ ဟိုနေ့က ညဘက်ငါနဲ့အတူရှိနေတုန်း ဖုန်းဆက်လာတော့ speaker ဖွင့်ပြီးနားထောင်လိုက်တာ အကောင်က ရည်းစားစကားပြောသွားတယ် ငါ့မှာဒေါသထွက်လိုက်တာဆိုတာလေ

ခွန်း-အေးပါ ငါနားလည်ပါတယ် ငါ့ကိုကူညီတဲ့အတွက်လဲကျေးဇူးတင်ပါတယ်

စက်-ရပါတယ် နင့်ရဲ့မဟေသီလေးနဲ့ရော အဆင်​ပြေရဲ့လား

ခွန်း-အဆင်မပြေလဲပြေအောင်လုပ်ရမှာပေါ့ တစ်ခုပဲဟိုကောင်ကိုစိတ်မဖြတ်နိုင်သေးတာ

စက်-သဘက်ခါပဲ လက်ထပ်တော့မှာအဆင်ပြေမှာပါ

ခွန်း-အကုန်လုံးကိုဖိတ်ပြီးပြီမှတ်လား

စက်-အေးငါဖိတ်ပြီးပြီ

ခွန်း-ok အဲ့တာဆို ငါပြန်ပြီ

တစ်ဖက်မှာ သူရိန်တစ်ယောက် သဒ္ဒါနဲ့တွေ့ဖို့ချိန်ကာ

သူရိန်-သဒ္ဒါ ကိုတောင်းထားတဲ့အဖြေလေး

သဒ္ဒါ- စဥ်းစားနေပါတယ် အခုကတော့ စောသေးတယ်လို့ထင်တယ်
သဒ္ဒါအခုလုပ်နေတဲ့စီးပွားရေးကလဲရှိသေးတယ် ကိုသူရိန်တို့လို အောင်မြင်တဲ့ ကုမ္ပဏီမဟုတ်တော့ အများကြီးကြိုးစားမှရမှာ

သူရိန်-ကိုယ် ကူပေးမယ်လေ သဒ္ဒါမှာ အခက်ခဲရှိရင်ပြော

သဒ္ဒါ-ရပါတယ် အားနာစရာကြီး

သူရိန်-အားမနာပါနဲ့ ပြောမှာသာပြောပါ ငွေကြေးအရပဲဖြစ်ဖြစ် တစ်ခြားဘာအခက်ခဲပဲရှိရှိပြော ပြီးရင်တော့ ကိုယ့် အတွက်အဖြေလေး

Be with youWhere stories live. Discover now