အပိုင်း၁၀

1.6K 113 0
                                    

သူရိန်-သဒ္ဒါ ကိုယ့်ကိုပြောစရာရှိတယ်ဆို

သဒ္ဒါ-ပြောထားတဲ့ကိစ္စ သဒ္ဒါလက်ခံလိုက်ပြီ

သူရိန်-တကယ်လား ဝမ်းသာလိုက်တာ

သဒ္ဒါ-အခု project တစ်ခုကိုဦးဆောင်နေတယ်ဆို

သူရိန်-ဟုတ်တယ် သဒ္ဒါဘာဖြစ်လို့မေးတာလဲ

သဒ္ဒါ-သဒ္ဒါ အခုလုပ်လိုက်တဲ့ အလုပ်မှာပြဿနာပေါ်တယ် ငွေလျော်ရမှာ အဲ့တာ ကို ဆီကအကူညီတောင်းမလို့

သူရိန်-company ကလဲ အဆင်ပြေတာမဟုတ်ဘူး

သဒ္ဒါ-ကို မကူညီနိုင်လဲရပါတယ် အရှုံးခံလိုက်ပါ့မယ်

သူရိန်-အရှုံးခံလို့ဘယ်ဖြစ်မလဲ ကို စဥ်းစားလိုက်ဦးမယ် အော် ကို တို့ပိုင်တဲ့မြေကွက်ရှိတယ် အဲ့တာကိုရောင်းလိုက်မယ် ပြီးရင် အဲ့ကငွေကိုယူလိုက် အဆင်ပြေမှပြန်ဝယ်လိုက်မယ်

သဒ္ဒါ-ကျေးဇူးပါ အဲ့တာကြောင့် ကို ကို သဒ္ဒါက...

သူရိန်-ဆက်ပြောလေ...ဘာဖြစ်လဲ

သဒ္ဒါ-ကို ကို သဒ္ဒါက အားကိုးရတာလို့

ခွန်းတစ်ယောက် မနက်ခင်း အပူချိန်ကြောင်နိုးလာတော့ လင်းတစ်ယောက်ဘေးမှာမရှိတော့

ခေါင်းကိုက်နေတာကြောင့် ရေချိုးကာ အောက်ထပ်ကိုဆင်းလာလိုက်တယ်

လင်း-မောင်နိုးလာပြီလား ခေါင်းကိုက်သက်သာအောင်သံပုရာရည်သောက်လိုက်ဦး

ခွန်း-မ မနေ့က မောင်ဘယ်လိုအိမ်ပြန်ရောက်တာလဲ

လင်း-ကောင်မလေးတစ်ယောက်လိုက်ပို့တာလေ

ခွန်း-အော် နှောင်းလား

လင်း-နှောင်းဆိုတာ ဘယ်သူလဲမောင်

ခွန်း-အော်သူက မောင်နဲ့ကျောင်းတုန်းကသူငယ်ချင်းပါ နိုင်ငံခြားမှာလဲတူတူတက်ခဲ့တာ

လင်း-အော်

ခွန်း-မ သူနဲ့က သူငယ်ချင်းထက်မပိုပါဘူး စိတ်မပူနဲ့နော်

လင်း-ဘယ်သူကစိတ်ပူနေလို့လဲ

ခွန်း-သိသာနေတာကြီးကို နော် သမီးလေး မေမေ က ဖေဖေကိုသဝန်တိုနေတာကို ဟုတ်တယ်မှတ်လား

Be with youDove le storie prendono vita. Scoprilo ora