မနက်အိပ်ယာနိုးတော့ အခန်းထဲမှာအကို့ကိုမတွေ့တော့ ရေများချိုးနေလားဆိုပြီး ရေချိုးခန်းထဲကြည့်မိသေး ဒါပေမဲ့
ကောင်းမြတ်:💭အပြင်များသွားနေတာလား💭
သူရိန်အပြင်သွားနေတယ်ထင်ပြီး ကောင်းမြတ်လဲ မျက်နှာသစ်ရေချိုးပြီး အဝတ်အစားလဲ မျက်နှာစားဖို့လုပ်မယ်ကျန်တော့ အိမ်ရှေ့စားပွဲပေါ်ကစာခေါက်လေးတစ်ခု ယူဖတ်ကြည့်လိုက်တော့
သို့ ညီလေးကောင်းမြတ်
"အကိုသူရိန် ရန်ကုန်ကိုမနက်အစောကြီးပဲပြန်သွားပြီ
မင်းကိုမပြောပဲထွက်သွားမိတဲ့အတွက် အကိုတောင်းပန်ပါတယ်။အကိုကို့မင်းနားလည်မယ်လို့မျှော်လင့်ပါတယ်။အကို့ကိစ္စထဲမင်းကိုဝင်မပါစေချင်လို့ပါ။အကိုအလုပ်တွေပြီးရင်မင်းဆီလာလည်ပါ့မယ်။ပြီးခဲ့တဲ့အချိန်တုန်းက ကူညီစောင့်ရှောက်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်။"သူရိန်
စာလေးကိုဖတ်ပြီး ကောင်းမြတ်နောက်ကထိုင်ခုံပေါ်ဖင်ထိုင်ရက်ပြုတ်ကျကာမှင်သက်သွားတယ်။
ကောင်းမြတ်:💭နောက်ဆုံးတော့အကိုကျတော့်ကိုတစ်ကယ်ထားသွားပြီပဲ။💭
ချန်ထားခဲ့တဲ့သူနဲ့ကျန်ရစ်ခဲ့တဲ့သူဘယ်သူကပိုနာကျင်ရလဲဆိုကျတော်ကပိုနာကျင်ရတာပေါ့
ကောင်းမြတ်:💭ငါအကို့နောက်လိုက်သွားလို့ရတာပဲ ဟုတ်တယ်ငါအကို့နောက်လိုက်သွားရမယ်💭
ကောင်းမြတ်တစ်ယောက်သူရိန်နောက်ဖို့ပြင်ဆင်
သူရိန်တစ်ယောက်ရန်ကုန်ရောက်တော့ ခွန်းတို့နောက်ကိုနောက်ယောင်ခံလိုက်။
ခိုင်လေး:ဖေဖေ သမီးရေခဲမုန့်စားမယ်
လင်း:သမီးချောင်းဆိုးမယ်လေ ရေခဲမုန့်ပဲစားနေတာ မစားရဘူး
ခိုင်လေး:ရေခဲမုန့်ပဲစားချင်တာ
လင်း:သမီးမေမေပြောနေတယ်နော် မစားရဘူးလို့
ခွန်း:ကဲပါ မရယ် သမီးစားချင်တာကျွေးလိုက်ပါ
လင်း:မောင်အဲ့လိုအလိုလိုက်လို့ သမီးကဆိုးနေတာ ပြောမရလဲမပြောတော့ဘူး လုပ်ချင်တာသာလုပ်ကြတော့