အပိုင်း၇

1.6K 154 0
                                    

မနက်ပိုင်းအလင်းရောင်ကြောင့် ခွန်းတစ်ယောက်နိုးလာတော့ လင်းအိပ်ယာပေါ်မှာမရှိတော့

မျက်နှာသစ်ရေချိုး အဝတ်စားလဲကာ ရုံးသွားရန်ထွက်လာတော့

မီးဖိုခန်းထဲအလုပ်ရှုပ်နေတဲ့ ကောင်မလေး

ခွန်း-လင်း

လင်း-နိုးလာပြီ ရှင်အလုပ်သွားတော့မှာလား မနက်စာစားသွားဦးလေ

ခွန်း-omm

နှစ်ယောက်သား မနက်စာစားပြီး အလုပ်သွားရန်

ခွန်း-အိမ်မှာ တစ်ယောက်ထဲအဆင်ပြေရဲ့လား

လင်း-ပြေပါတယ်

ခွန်း-အလေးအပင်တွေမ မနဲ့ဦး ပြီးတော့..

လင်း-အလုပ်ကိုသာစိတ်ဖြောင့်ဖြောင့်နဲ့သွားပါ သွားတော့

ခွန်း-omm omm သွားပြီ

ဒီပုံစံလေးအတိုင်းပါပဲ အရာရာဟာ အေးဆေးပါပဲ မနက်ဆို ခွန်းကမနက်ဆိုအလုပ်သွား လင်းကတော့ အိမ်မှာ အိမ်အလုပ်လုပ်တွေလုပ်ရင်း ကျန်ခဲ့

ညဆိုလဲ လင်းကို ဆေးတိုက် နွားနို့တိုက် စောစောအိပ်ခိုင်း

တစ်ဖြေးဖြေးနဲ့ လတွေပြောင်းလာတာ လင်းရဲ့ ကိုယ်ဝန်လဲလရင့်လာပြီ အဲ့တာကြောင့်အိမ်မှာ အိမ်အကူ အဒေါ်ကြီးတစ်ယောက်ကို ခေါ်ထားရတယ်

ဆေးရုံရက်ချိန်းတွေဆိုမမေ့မလျော့လိုက်ပို့ လမ်းတူတူလျောက် ကိုယ်ဝန်ဆောင်မိခင်တွေသိသင့်တာတွေကို စာအုပ်နဲ့ဖတ်ပြရတာနဲ့ ခွန်းတစ်ယောက်အလုပ်ရှုပ်👨

ခွန်းလဲ အလုပ်ကို သိပ်မသွားတော့ စက် နဲ့သာလွှဲထားသည် အရေးကြီးတဲ့ meeting လောက်သာ သွားဖြစ်သည်👨🏻‍🏫

လင်းကတော့ ကလေးအတွက် အခန်းကိုစိတ်ကြိုက်ပြင်ဆင်နေလေတယ်👼

လင်းစိတ်ထဲတွေးမိတာက ခွန်းတောင် သူမနဲ့ ဒီကိုယ်ဝန်ကိုဂရုစိုက်နေတာ ခွန်းနေရာမှာ တစ်ခါတစ်လေ သူရိန်ကို စိတ်ထဲတွေးမိသည် အဲ့လိုမျိုး ဖြစ်တိုင်း ခွန်းနဲ့စကားများနေကြ

အမှန်ဆို ခွန်းမှန်ပါတယ် ကျမသူ့ကို မေ့သင့်ပြီ ခွန်းနဲ့လဲအခုဆို တော်တော်ကိုအဆင်ပြေလေပြီ

Be with youWhere stories live. Discover now