မနက်ရောက်တော့ ခွန်းကားနဲ့ပဲ ခေါ်ရာနောက်ကိုလိုက်ခဲ့ရတယ်
ဘုရားအရင်သွားကာ ဘုရားဖူးပြီး နေရာအနည်းငယ်လျှောက်လယ်ကာ ညနေစောင်းလောက်မှအိမ်ပြန်လာဖြစ်တယ်
ခွန်း-ဒီတစ်ပတ်ထဲ ဘွဲ့ယူရမှာမှတ်လား
လင်း-ဟုတ်တယ်
ခွန်း-ဒါပြီးရင် ဘာလုပ်ဖို့စဥ်းစားထားလဲ
လင်း-ကုမ္ပဏီတစ်ခုခုမှာအလုပ်ဝင်မလားလို့
ခွန်း-ဘွဲ့ယူပြီးရင်လက်ထပ်ရအောင်
လင်း-ရှင်...
ခွန်း-သဘောတူထားတာဆိုတော့ အခုမဟုတ်လဲ နောက်လက်ထပ်ရမှာပဲလေ
လင်း-ဒါပေမဲ့ အလုပ်ရှာချင်သေးတယ် ပြီးတော့ သူရိန်နဲ့ရထားတဲ့ ကိုယ်ဝန်ကိစ္စလဲရှိသေးတယ်
ခွန်း-မင်းအလုပ်က ငါ့ရဲ့အိမ်ရှင်မလုပ်ဖို့ပဲလေ မင်းကိုသူရိန်ဆီမှာ သိန်း၅ထောင်နဲ့ဝယ်ထားတာအလကားထားဖို့မဟုတ်ဘူး မင်းကိုဒီလိုဖြစ်အောင်လုပ်တဲ့ကောင်ကိုမင်းက စွဲလန်းနေသေးတယ်
လင်း-ကောင်းပြီလေ ကျမလက်ခံတယ် ရှင်ကကျမအကြွေးတွေဆပ်ပေးလို့ကျေးဇူးတင်ပါတယ် အခုကျမရှင့်အပိုင်ဖြစ်သွားပြီပဲ လက်ထပ်ပွဲကိုလဲ ရှင့်စိတ်ကြိုက်စီစဥ်ပါ
လင်း အိမ်ထဲဝင်သွားတာကိုကြည့်ရင်း ပြောလိုက်တဲ့စကားတွေကြောင့် စိတ်ထဲနည်းနည်းတော့မကောင်း
ဒီလိုမှမလုပ်ရင် သူလက်မခံဘူးဆိုသိတာကြောင့် လုပ်လိုက်ရခြင်းဖြစ်သည်
ဦးမြတ်သူ-လင်းလဝန်းသော်က သိန်း၅ထောင်ကို လာပေးသွားတယ်ဟုတ်တယ်
သူရိန်-ဟုတ်တယ်အဖေ သူလာပေးသွားတယ်
ဦးမြတ်သူ-ဒီလောက်များတဲ့ပိုက်ဆံကို သူဘယ်ကရတာလဲ
သူရိန်-အဲ့တာတော့မသိဘူးအဖေ ဒါနဲ့လေ ခွန်းမင်းပိုင်က လက်ထပ်တော့မယ်ဆို မနက်က သတင်းစာထဲမှာပါလာတယ်
ဦးမြတ်သူ-ကောင်းတာပေါ့ သူတစ်ခြားမှာစိတ်ရောက်နေချိန် ငါတို့က လှုပ်ရှားရမှာ
သူရိန်-သားတို့နဲ့ရှယ်ယာအပြိုင်လိုက်ဝယ်နေတဲ့သူရှိနေတယ် ဘယ်သူလဲဆိုတာ စုံစမ်းနေတုန်းပဲ