အခုဆို နှောင်းလဲ နိုင်ငံခြားကိုပြန်ပြီ company မှာပြန်ပြီး အလုပ်ဝင်နေပြီ စက်နဲ့သဒ္ဒါတို့လဲ ပေါ်ပေါ်ထင်ထင်နေနိုင်တော့တယ်
သူရိန်ကြောင့်နဲ့သူတို့မလုပ်လိုက်ရတဲ့ မဂ်လာပွဲလေးကိုပြန်ကျင်းပခဲ့တယ်
ခွန်းကတော့ အသစ်ဆောက်ထားတဲ့ စက်ရုံကိုရော ဦးမြတ်သူဆီက ရထားတာတွေကို သူတို့ကို မဂ်လာလက်ဖွဲ့အဖြစ်ပေးလိုက်တယ်
စက်နဲ့သဒ္ဒါတို့ ခရီးသွားမယ်ဆိုလို့ ခွန်းလိုက်ပို့
ခွန်း-ကောင်းကောင်းပျော်ခဲ့ကြနော်
သဒ္ဒါ-ခရီးအတွက်စီစဥ်ပေးတာကျေးဇူးပါ
ခွန်း-ရပါတယ်သူငယ်ချင်းတွေပဲလေ ဟုတ်တယ်မှတ်လား ငပေါက်
စက်-ခေါ်ပြန်ပြီ အဲ့ငပေါက်😼
သဒ်ဒါ-honey ရယ် စိတ်ဆိုးမနေပါနဲ့ စနေတာကို
ခွန်း-အလကားသူဘာမှစိတ်မဆိုးဘူး မင်းတို့နောက်ကျနေဦးမယ်သွားတော့
စက်-အေးbye bye ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်
ခွန်း-bye
ခွန်းတစ်ယောက် သူငယ်ချင်းတွေကိုလိုက်ပို့ပြီးအိမ်ပြန်လာခဲ့တယ်
လင်း-သမီးရေ ခိုင်လေးရေ လင်းနွေဦးခိုင် ဖေဖေပြန်လာပြီ
(ငါပဲသမီး ငါပဲအဖေ🙂)
ခိုင်လေး-ဖေဖေ
ခွန်း-သမီးလေး လာပါဦး
ခိုင်လေး-ဖေဖေ သမီးတွက်ဘာပါလဲ
ခွန်း-ဖေဖေ အရုပ်ဝယ်လာတယ် ရေခဲမုန့်ရောပဲ
လင်း-ဝယ်လာပြန်ပြီ အဲ့အရုပ်တွေ ပြီးတော့ ရေခဲမုန့်က ကလေးချောင်းဆိုးမယ်ဆိုတာမသိဘူးလား
ခွန်း-မ ရယ် ကလေးပဲတစ်ခါတစ်လေစားချင်ပါမှာပေါ့ မဆူပါနဲ့
လင်း-ပြောလိုက်ရင် အဲ့အတိုင်းကြီးပဲ အဖေရောသမီးရောတူတူပဲ
ခွန်း-သမီးထမင်းစားပြီးမှတ်လား ရေခဲမုန့်စားလိုက်နော် ဖေဖေရေချိုးလိုက်ဦးမယ်
လင်း-လာလာသမီး မေမေ့ဆီ
ခွန်းတစ်ယောက် သမီးလေးကိုလင်းဆီပေးပြီး အခန်းထဲရေဝင်ချိုးလိုက်တယ်