[ 10 ] 🍁

818 103 4
                                    

Unicode

‌ထို့နေ့က အိမ်ပြန်ရောက်ပြီးပြီးချင်း
ရေအကြာကြီးစိမ်လိုက်တာကြောင့်
1ပတ်လောက်နေမကောင်းလို့ ခွင့်ယူလိုက်ရတယ်။
အင်း...
တကယ်တော့ သူက2ရက်ပဲခွင့်တောင်းသည်လေ
ဒါကို မေတ္တာရှင်ကြီးက 'မရဘူး၁ပတ်ခွင့်ယူ‌ပြီးရင်သေချာနားလိုက်' ဆိုပြီး အတင်းခွင့်ပေးလိုက်ကာ နေ့တိုင်းလည်း အိမ်ကို လက်ထဲမှာမုန့်တွေအပြည့်ဆွဲပြီး လာသည်။
အမေရှိနေတာကြောင့် အတင်းပြန်လွှတ်ရင်
တစ်မျိုးထင်မှာ ဆိုးတာတစ်ကြောင်း
နေမကောင်း‌ဖြစ်နေသည်မို့ တစ်ကိုယ့်လုံး နုံးချိပြီး စကားတောင် အနိုင်နိုင် ပြောနေရတာ တစ်ကြောင်း ၊
အဲ့လို အဲ့လို အကြောင်းတွေကြောင့် ဂျောင်ဂုတစ်ယောက် အိမ်ကို ကြိုက်သလိုဝင်ထွက်လို့ရအောင် အမေ့ကို ချုပ်သွားလေတယ်။

ဒီနေ့
အလုပ်ပြန်ဆင်းမယ့်နေ့
ဂျောင်ဂုက ဟိုနေ့ကသူ့ဇနီးနဲ့ဖြစ်ခဲ့တဲ့ ကိစ္စကို လုံးဝအစဖော်ကာမပြောပေမယ့်လို့
သူကတော့ စိတ်ထဲက လုံးဝမထုတ်နိုင်

ဒီကြားထဲ နေမကောင်းတာကြောင့် စကားကောင်းကောင်းမပြောနိုင်လို့ hyungနဲ့ ဖုန်းမပြောဖြစ်လို့ hyungများ ဝမ်းနည်းနေမလား ဆိုပြီး ရင်ထဲမကောင်းပြန်ဘူး
Hyungကတော့ သေချာအနားယူဖို့၊နောက်တစ်ခါ နေမကောင်းမဖြစ်အောင် ဂရုစိုက်ဖို့၊
သူ့ကိုစိတ်ပူမနေပဲ မြန်မြန်သက်သာအောင်နေဖို့ ၊ သက်သာသွားရင် ဖုန်းတွေ အကြာကြီးပြောပြီး ရစ်ပစ်မယ်တို့
ဟီး..တကယ့်အဖိုးကြီးလေးလိုပဲ တစ်တွတ်တွတ်နဲ့မှာနေလိုက်တာများ....

*ထယ်ယောင်း*

ဒါနဲ့hygရော ဟိုမှာ အဆင်ပြေပါ့မလား
အမေချက်ပေးထားတဲ့ အသင့်စားဟင်းတွေတောင် မပို့ဖြစ်လိုက်ဘူး...
ဒီညvc ပြောရင်ကောင်းမယ်
hyung ပိန်များသွားလား...

"ကင်ထယ်ယောင်း!!!"

"ဟင်! ဂျောင်...ဂျောင်ဂု အယ်မှားလို့ CEO!!!"

"ဘယ်တွေ စိတ်လွှင့်နေတာလဲ"

"အာ ဘာမှမဟုတ်ပါဘူး"

"....."

"ဒါနဲ့ ဘာလာလုပ်တာလဲဟင်?"

"အလုပ်အတူတူသွားဖို့ လာခေါ်တာ"

Because of youWhere stories live. Discover now