[ 7 ]🍁

983 123 5
                                    

Unicode

မနေ့ညက..အဖြစ်အပျက်တွေကြောင့်..taehyungတစ်ယောက်Hoseokကိုမျက်နှာချင်းမဆိုင်ရဲ...

မနက်ကလည်း..ရှက်တာနဲ့အစောကြီးထလာခဲ့တာ..သူဘယ်လိုကျန်ခဲ့မလဲမသိ..သူကတော့ရှက်နေတာပဲသိတယ်။

ခုလည်း..ဖုန်းဆက်ပြီး..ON cafeကိုလာခဲ့ပါတဲ့လေ..ရှက်ပါဆိုမှ..

ချိန်းထားတဲ့Cafeလေးရှေ့ရောက်တော့ဖုန်းဆက်လိုက်တယ်။

"ဟယ်လိုHygကျွန်တော်ရောက်ပြီ.."

"အင်းယောင်း..၀င်ခဲ့လေ..ကိုယ်နံပါတ်43မှာရှိတယ်.."

"အင်း..ခနစောင့်လာပြီ.."

"ဒါနဲ့.."

"...."

"နာနေသေးလား.."

တီ..

ရှက်နေပါတယ်ဆိုမှ..လာမေးရလား..နှာဘူးကြီးရဲ့...

သူပြောတဲ့အတိုင်းနံပါတ်43ကိုရှာလိုက်တော့...ဟောတွေ့ပါပြီ..အနောက်တိုင်းSuitနဲ့ ချောမောနေတဲ့hyg...

"ယောင်း!"

ကျွန်တော့်ကိုတွေ့တော့ ထိုင်နေရာကနေထပြီး..လက်လှမ်းပြတယ်လေ။

ဘေးချင်းကပ်မှာ၀င်ထိုင်လိုက်ပြီး..တိတ်ဆိတ်စွာနဲ့...hyg​ပြောမယ့်စကားကိုသာထိုင်စောင့်နေလိုက်တယ်။

"ယောင်းငယ်..ကိုယ့်ကိုစိတ်ဆိုးနေတာလား."

"ဘာကိုစိတ်ဆိုးရမှာလဲ.."

"စောနက နာနေသေး.."

"ရပြီ!!..မပြောနဲ့တော့..စိတ်မဆိုးဘူး..ဟုတ်ပြီလား...အဲ့အကြောင်းထပ်မပြောနဲ့တော့.."

တိတ်ဆိတ်သွားပြန်တဲ့သူတို့ကြားထဲကလေထု...

"ဒါနဲ့..hygကျွန်တော့်ကိုခေါ်တာ ဘာပြောမလို့လဲ..."

"ခန..အဲ့ကျွန်တော်ဆိုတာကြီးကိုမသုံးပါနဲ့လား..ဟင်..'ထယ်'ဆိုပြီးပြောကြည့်ပါလား.."

အတွေးထဲ၀င်ရောက်လာသော
အတိတ်ကပုံရိပ်တစ်ချို့...
သူ့ကိုပေါင်​ပေါ်တင်ထားတဲ့ကောင်လေးထံမှ

‌"ဘာ'ငါ'လဲ..'ငါ'လို့မသုံနဲ့ Taeဒါမှမဟုတ်..အကိုလို့သုံးး.."

ခါးကိုမြဲတွယ်စွာဖက်ထားတဲ့ ထိုကောင်လေးရဲ့လက်တစ်စုံ..

Because of youWhere stories live. Discover now