Unicode
ဆိုင်သူတွေရှိရဲ့သားနဲ့ ရှေ့ဆက်တိုးနေတဲ့သူ။
မလာနဲ့လို့ လက်တွေ့မှာ ငြင်းနေပေမယ့် မသိစိတ်ထဲမှာ လာဖို့ကို ဖိတ်ခေါ်နေတဲ့ ကျွန်တော်။
ဖြစ်ပျက်နေသမျှကို သိသိရက်နဲ့ မသိချင်ယောင်ဆောင်ကာ နာကျင်မှုတွေကို ဖုံးကွယ်ရင်း ကျွန်တော်မျက်နှာကိုသာကြည့်တဲ့ hyung။
ကိုယ့်ကိုပြန်မချစ်တဲ့ တစ်ဖက်သတ်ဆန်တဲ့အချစ်ဟာ နာကျင်ရမှန်းသိပေမယ့် နာကျင်မှုတွေကြားထဲက ဆက်ချစ်နေဆဲဖြစ်တဲ့ သူမ။
_________________________________________
ထယ်ယောင်းဟာ ရုတ်တရက်ပြန်ရောက်လာပြီး Birthday supriseတိုက်တဲ့ hyungကြောင့် ဘာနဲ့မှမတူအောင် အလွန်ပျော်နေလှသည်။
တစ်ချိန်ထဲမှာပဲ ဂျောင်ဂုဟာ သူ့မွေးနေ့ကို မေ့နေတာကို တွေးမိကာ ဝမ်းနည်းနေပြန်သည်....
Hyungပြန်ရောက်နေသည်ကြောင့် ဒီနေ့တစ်ရက်တာဖို့ hyungနဲ့အချိန်ဖြုန်းရဲ့ စိတ်ကူးပေါက်ကာ ဂျောင်ဂုဆီ ခွင့်လှမ်းတိုင်သည်။
"ဟယ်လို CEO"
"အင်း.."
ဂျောင်ဂုဆီမှ ပြတ်သားစွာ ထွက်လာသော စကားလုံးတစ်လုံး"ဟိုလေ ကျွန်တော် ဒီနေ့တစ်ရက်လောက်ခွင့်ယူချင်လို့ ..ဟို နောက်နေ့တွေလုံးဝမယူတော့ပါဘူးနော် ဒီနေ့အရေးကြီးကိစ္စလေးရှိလို့ပါ..CEOအတွက်အဆင်မပြေရင် ကျွန်တော့် လစာထဲက ပျက်ကွက်ရက်အတွက်ဖြတ်လိုက်လို့ရပါတယ်"
"ရတယ်"
ဂျောင်ဂုအသံသည် ညိုးနွမ်းစွာ။"ဗျာ??"
"ခွင့်ယူမယ်မလား ရတယ် လစာထဲကလည်းမဖြတ်ဘူး"
"တကယ်လား ကျေးဇူးပါ CEO "
ထယ်ယောင်းသည်အပျော်လွန်စွာကျေးဇူးတင်နေသည်။"တော်တော်ပျော်နေတယ်နော်"
တိုးညှင်းစွာကြားလိုက်ရတာကြောင့် စကားလုံးများကိုပြတ်သားစွာထယ်ယောင်း မကြားလိုက်
"ဟယ်လို CEO ဘာပြောလိုက်တာလဲ ကျွန်တော်မကြားလိုက်လို့"
"ဘာမှမဟုတ်ဘူး"
ဟုဆိုတာ တီခနဲချသွားသော ဂျောင်ဂု
YOU ARE READING
Because of you