[ 15 ] 🍁

457 50 8
                                    

Unicode

ဒီနေ့လသာတယ်
ဖောက်ပြန်လာတဲ့ရာသီဥတုဟာ စိတ်ဆိုးနေတဲ့နတ်ဆိုးပမာ
အဆက်မပြတ်ရွာသွန်းလာတာ ဒီနေ့မနက်ထိပါပဲကို
အခုမှ ထူးထူးဆန်းဆန်း'လ'သာနေသတဲ့
ကောင်းပါတယ်
အမေ့ရဲ့ ၂လပြည့်လေးကို ကောင်း"မွန်"ကျင်းပလို့ရသွားတာပေါ့

ဟုတ်ပါတယ် ဒီနေ့ကထယ်ယောင်းရဲ့အမေဆုံးသွားတာ ၂လပြည့်တဲ့နေ့‌လေးပါ
ထယ်ယောင်းအိမ်ပြောင်းပြီးမကြာပါဘူး
အမေဖြစ်သူက အဖျားကြီး‌နေပြီဆိုတဲ့သတင်းဆိုးကြီးကသူ့ဆီရောက်လာခဲ့တယ်။
ထယ်ယောင်းသတင်းကြားကြားချင်းလိုက်သွားပေမယ့် အမေဖြစ်သူရဲ့အသက်ကိုမမှီခဲ့ဘူး
ဒီ၂လအတွင်းသူ့ကိုယ်သူအပြစ်သားတစ်ယောက်လိုပဲသတ်မှတ်ထားတယ်
မိဘအပေါ်တာဝန်မကြေခဲ့တဲ့သားတစ်ယောက်အဖြစ်...

အိမ်မပြောင်းပဲ နည်းနည်းလောက်ထပ်ပြီးအမေ့နားရှိပေးနိုင်ခဲ့ရင်
အမေဒီလိုဖြစ်ခဲ့မှာမဟုတ်ဘူးဆိုတဲ့နောင်တက ညတိုင်းအချိန်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းမှာရနေစဲပါ။
သာနေတဲ့ လမင်းကြီးကိုတစ်ချက်မော့ကြည့်ပြီး
မခေါ်ရတာကြာပြီဖြစ်တဲ့ 'အမေ' ဆိုတဲ့အမည်နာမလေးကို ရေရွတ်မိတော့ ထိုလမင်းကြီးက ပြုံးပြနေသယောင်...
ပြုံးပြသယောင်ယောင်ဖြစ်နေတဲ့လမင်းကြီးကို
စကားတွေပြောနေမိတယ်
ငိုလိုက်ရီလိုက် emotionမျိုးစုံနဲ့ပြောနေမိတယ်။

အမေဆုံးသွားပြီးတဲ့နောက်ပိုင်း
သူ့အတွက်ခိုးကိုးရာမဲ့သွားတယ်...
ပြဿနာတစ်ခုခုဆိုရင် တိုင်ပင်ဖော်တိုင်ပင်ဖက်အမေ
ဝမ်းနည်းစရာဆိုရင် ရင်ဖွင့်တာနားထောင်ပေးတဲ့အမေ
ပျော်စရာဆိုရင်လည်း ထပ်တူထပ်မျှခံစားပေးမယ့်အမေ
မရှိတော့တာ သူ့ဘဝအတွက်အကြီးမားဆုံးဒုက္ခကြီးပါပဲ
အမေ့ကိုလွမ်းတယ်
ပြောပြမတတ်အောင်ကိုလွမ်းတယ်
အခုနေများအမေသူ့အရှေ့မှာပေါ်လာခဲ့ရင် အမေ့ရင်ခွင်ထဲဝင်ပြီးတစ်ဝကြီးငိုဖြစ်အုံးမည်။

ကျလာတဲ့မျက်ရည်အချို့ကိုသုတ်ပြီး အမေ့ဓာတ်ပုံရှေ့မှာရပ်ကာ
အကြောင်းအရင်းမရှိ မျက်ရည်များထပ်စီးကြလာတယ်။
တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ အမေ့ပုံလေးကိုဂါဝရပြုပြီး
မနက်ဖြန်အလုပ်အတွက် laptop ယူပြီး အလုပ်လုပ်နေလိုက်သည်။
စိတ်ပြေလက်ပျောက်
သတင်းတွေလိုက်ဖတ်ကြည့်တော့
'သတင်းထူး' ဆိုတဲ့ခေါင်းစဉ်အောက်မှာပါလာတဲ့နာမည်တစ်ခု
"နာမည်ကြီးထိပ်တန်း
CEO Jeon Jung Look နှင့်ဇနီးဖြစ်သူ Jeon Nami တို့၏ ၅နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်"

Because of youWhere stories live. Discover now