[ 6 ] 🍁

1K 118 14
                                    

Unicode

(1)နှစ်ကျော်ပြီ..
ကျွန်တော်Daeguမှာနေတာ (1)နှစ်ကျော်သွားပြီလေ..
အများကြီးလည်းပြောင်းလဲသွားတယ်..

ကျွန်တော်တို့ Daeguကိုပြောင်းလာတော့ အမေကသူ့ရဲ့အလုပ်ကနေထွက်ခဲ့ရတယ်..။
အဒေါ်ရဲ့စိုက်ခင်းကရတဲ့ငွေနဲ့...အိမ်စရိတ်လောက်ပေမယ့်..တခြားအတွက်အပို၀င်ငွေရှိအောင်လို့..သူအလုပ်ထွက်လုပ်ခဲ့တယ်။

Companyမှာ အတွင်းရေးမှူးတဲ့..
သဌေးက သူ့ကိုတွေ့တွေ့ချင်းအတွင်းရေးမှူးခန့်လိုက်တာမို့..
သူ့ကိုအမြင်ကပ်တဲ့လူများများရယ်..

သဌေးကတော့ သူ့အပေါ်တော်တော်ကောင်းခဲ့ပါတယ်...ခုချိန်ထိပါပဲ...

ဒါမယ့်...အလုပ်၀င်ပြီး၆လလောက်မှာ..
သဌေးကသူ့ကိုစိတ်၀င်စားနေတဲ့ဆိုတဲ့အကြောင်းဖွင့်ပြောတယ်...

အမေနဲ့အဒေါ်ကိုလည်း...ပွင့်ပွင့်လင်းလင်းလာပြောတယ်..
အမေနဲ့အဒေါ်ကတော့ သဌေးကိုသဘောကျတယ်တဲ့..

/သားသေချာစဥ်းစားပါ...အမေကတော့..
အဲ့ကောင်လေးကိုသဘောကျတယ်ကွယ်../

အဲ့နောက်ပိုင်း..သဌေးနဲ့တွဲဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်...

တီ..တီ..တီ..

ပြောရင်းဆိုရင်းလာပါပြီ...

"သား...Hobiလေးရောက်နေပြီထင်တယ်"

"ဟုတ်အမေ..."

အမေနဲ့စကားပြောနေတုန်းအိမ်ထဲ၀င်လာတဲ့ထိုလူသား..

"Hyg...ရောက်နေတာကြာပြီလား.."

"မကြာသေးပါဘူးယောင်းရဲ့..ကိုယ်အခုလေးတင်ရောက်တာ.."

"Hobiလေး..ရောက်လက်စနဲ့..မနက်စာစားသွားပါလား.."

"ဒီနေ့တော့မစားတော့ဘူးအန်တီ...ချိန်းထားတာလေးရှိလို့.."

"သားTaehyungသွားတော့..နောက်ကျအုံးမယ်"

"ဟုတ်အမေ...သွားမယ်hyg.."

Ho Seok hyg ကသူနဲ့စတွဲကတည်းက မနက်တိုင်းလာကြိုတယ်...
အလုပ်ဆင်းရင်လည်းသူကိုယ်တိုင် အိမ်​​ပြန်ရောက်အောင် ပို့ပေးတယ်..။
အိမ်ကအမေကတော့ Ho Seok hygဆိုသဲသဲလှုပ်လှုပ်ပဲ...

Because of youWhere stories live. Discover now