[ 12 ] 🍁

743 80 9
                                    

Unicode

အချိန်တွေအကြာကြီးနေမှ ဟိုဆော့နဲ့ dateလုပ်ရတာမို့လားမသိ ထယ်ယောင်းအလွန်ပျော်နေသည်။
ပြောရရင် သူတို့နှစ်ယောက်dateမလုပ်ရတာ တော်တော်ကြာနေပြီမလား....

မနက်ကတည်းက ပြုံးရွှင်နေတဲ့ ထယ်ယောင်းကိုကြည့်ကာ ဟိုဆော့တစ်ယောက် အတိုင်းမသိ ဝမ်းသာနေသည်လေ
ထယ်ကသူနဲ့Dateရမှာကို အဲ့လောက်ပျော်နေတာမြင်ရတော့ သူ့ရဲ့ကြည်နူးမှုကဘာနဲ့မှနှိုင်းမရအောင်ကိုပဲပေါ့။
*ဒီလောက်ဆို ထယ်က ငါ့ကိုချစ်တာပေါ့နော်*
ဆိုပြီး သူတွေးမိပါသည်။

သူမရှိတဲ့အတောအတွင်း ထယ်က သူ့အချစ်ဦး တစ်နည်းအားဖြင့် သူ့ညီ ဂျောင်ဂုနဲ့ တော်တော်ကိုအနေနီးခဲ့တယ်လေ
ဘယ်သူမဆို အချစ်ဦးအပေါ် စိတ်နည်းနည်းတော့ရှိမှာပဲလေ ...
အဲ့တာကြောင့် ဂျောင်ဂု‌အပေါ်များ စိတ်ယိုင်နေပြီလားလို့ သူထင်ခဲ့တာ
အခုထယ်ယောင်းပျော်နေတာကို မြင်တော့
ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်

သူ ထယ်ယောင်းအပေါ် သံသယတွေ ထားခဲ့တာသည်လေ ။
စိတ်ချပါ ထယ် ကိုယ် ကိုယ့်ကိုယ်ကို အပြစ်ပေးပါ့မယ် ထယ့်အပေါ်မဟုတ်တဲ့ သံသယတွေထားခဲ့မိလို့...
ပြီးတော့ တောင်းပန်ပါတယ် ကိုယ်အခုချိန်ကစပြီး ထယ့်ကိုအရင်ကထက် အများကြီးကိုပိုချစ်ပေးသွားမယ်။

"Hyungရေ~~"

သူသိပ်ချစ်တဲ့ ကောင်လေးရဲ့ အသံဆာဆာလေး

"ဗျာ့~~"

"ဘယ်ကောင်မအကြောင်းတွေ ထိုင်တွေးနေတာလဲ?"

"ဟောဗျာ~ ကင်ထယ်ယောင်းဆိုတဲ့ ကောင်မလေးအကြောင်းကိုထိုင်တွေးနေတာပါဗျ"

"အောင်မယ် လူကိုများ ကောင်မလေးတဲ့ hyung နော်"

'ကောင်မလေး'လို့စနောက်ပြီး တင်စားလိုက်တာကြောင့် မျက်မှောင်ကြီးကျုံ့ပြီး စိတ်ဆိုးတော့မယ့်သူ့ကောင်လေး

"ရော် hyung ချစ်လို့စတာ ကိုယ်က ထယ်ဆိုတဲ့ ဖြစ်တည်မှုကိုဖြစ်တာမို့ ကောင်မလေးပဲဖြစ်နေဖြစ်နေ ကောင်လေးပဲ ဖြစ်နေဖြစ်နေ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်ကချစ်ပြီးသား"

"အာရီးဂူးး ဘယ်ဝတ္ထုထဲကဟာတွေဖတ်ပြီး လာပြောနေတာတုန်း"

"ဘယ်ဝတ္တုမှမဟုတ်ပါဘူး ရင်ထဲက လာတဲ့ ရင်တွင်းဖြစ်တွေပါ"

Because of youWhere stories live. Discover now