[ 14 ]🍁

367 45 4
                                    

Unicode

မနေ့ညက ကိစ္စကြောင့်
မနက်မိုးလင်းထဲက အမေဖြစ်သူဟာထယ်ယောင်းကို
တစ်ကြည့်ကြည့်နဲ့ အသေးစိတ်ကအစလိုက်ဂရုစိုက်ပေးနေသည်။

တကယ်ပါပဲ သူအမေရှေ့မှာအဲ့လိုမဖြစ်ချင်ခဲ့ပါဘူး
ဒါပေမယ့် အမေ့ကိုမြင်တော့ဘယ်လိုမှ ထိန်းမနိုင်စွာနဲ့ မျက်ရည်တွေကျလာပြီး ငိုချလိုက်မိတော့တယ်။
အဲ့အကြောင်းပြန်တွေးတိုင်း အမေဖြစ်သူကိုအားနာမိပါသည်။

ပါးစပ်ကထုတ်မမေးပေမယ့် အမေသူ့ကိုဘယ်လောက်စိတ်ပူနေမလဲဆိုတာ သူသိပါသည်...

ဒီလောက်သတိထားနေတဲ့ကြားကနေ အမေဖြစ်သူအရှေ့မှာ ဒီလိုဖြစ်သွားခဲ့တဲ့ သူ့ကိုယ်သူလည်းတော်တော်စိတ်တိုမိပါသည်။

တကယ်ဆို အမေကအသက်လည်းကြီးနေပြီမလား
ဘာစိတ်ဒုက္ခမှမရှိပဲနေသင့်နေပြီလေ
သားဖြစ်တဲ့သူကတော့ အမေအိုကြီးကို တစ်နေ့တစ်နေ့စိတ်ဆင်းရဲစရာတွေပဲပေးနေမိတယ်။

သူတကယ်အသုံးမကျတဲ့သားပါလား
အမေကသူ့အတွက်အရေးကြီးဆုံးပါပဲ
အမေပျော်ဖို့စိတ်ချမ်းသာဖို့ဆို သူဘာပဲရင်းရရ ရင်းဖို့အသင့်ပဲ...
သေချာတာပေါ့ အဲ့ထဲမှာသူ့အသက်နဲ့ အချစ်ဆိုတဲ့အရာကြီးရောပါတယ်ဆိုတာ...

ဘာပဲဖြစ်ဖြစ်ပါ အချိန်ထပ်မဆွဲမနေတော့ပဲ သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုချပြီး သူဒီအရှုပ်တော်ပုံကြီးထဲကထွက်ပါတော့မယ်။
အမေကိုလည်းစိတ်မဆင်းရဲစေချင်သလို
ကိုယ်တိုင်လည်းစိတ်မဆင်းရဲချင်တော့ဘူးလေ

"အမေ သားအလုပ်သွားလိုက်အုံးမယ်နော် ညကကိစ္စကိုလည်း အများကြီးမတွေးနဲ့ သားအဆင်ပြေတယ်နော် ဟီး"

"အင်းပါ ဂရုစိုက်သွားနော် သားလေး"

အမေ့မျက်လုံးထဲ စိုးရိမ်နေတဲ့ အရိပ်အယောင်လေးကို
သိသိသာသာမြင်နေရသည်။
ထယ်ယောင်း အမေ့ကို ပြုံးပြလိုက်ပြီး
အရာအာလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့သာ ထွက်လာလိုက်တယ်။

••••••••••••••••••••••••••••••

တစ်ဖက်က ဆေးရုံဆင်းရန်ပြင်နေသော ကောင်လေးနှစ်ယောက်ရဲ့စိတ်တွေဟာ အကြောင်းမဲ့လေးလံနေသည်။

Because of youWhere stories live. Discover now