Zawgyi
'နင် ဘယ်ရောက်နေပြီလဲ အနိုးမ နောက်ကျနေပြီ
နော်...အင်း မြန်မြန်လာ ခဏနေရင်ရုပ်ရှင်ကစတော့မှာ အင်း ငါတို့စောင့်နေတယ် မြန်မြန်လာခဲ့နော်''မင်း သူငယ်ချင်းတွေက ကြာအုန်းမှာလား ညီ'ဇေယျာ သူ့ရှေ့တွင် ရှိသော သူ၏ချစ်သူပါးကို လက်ထဲတွင်ကိုင်ထားသော တစ်သျှူးဖြင့်သုတ်ပေးလိုက်သည်။
'လာတော့မှာပါ အကိုရဲ့ ပထမ ကချိန်းထားတော့နှစ်ယောက် အခုတစ်ယောက်က ကိစ္စပေါ်လာလို့ဆိုပြီး ညီ့ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ဘဲလာတော့မှာ အကိုနဲ့ညီချစ်သူတွေဆိုတာကိုလည်း ဟိုတစ်နေ့ကတည်းက ညီပြောပြထားပြီးပြီ''ဟုတ်ပါပြီဗျာ အကို့ရဲ့အကောင်ပေါက်လေး'
'ဟဲ့ ငဇေ'
'အော် အနိုးမ လာပြီလား...အကို ဒါညီ့ရဲ့သူငယ်ချင်း မေမြတ်နိုး အနိုးမ ဒါ ဟိုတစ်နေ့ကငါပြောထားတဲ့တစ်ယောက် အင်း ငါ့ရည်းစားပေါ့ ကိုခန့်ပိုင်'
မြတ်နိုး သူ့ရှေ့တွင် ရှိသော အကိုကြီးကို နှုတ်ဆက်လိုက်သည်။အရပ်ရှည်ရှည် မျက်မှန်နှင့် တည်ကြည်ခန့်ညားသော ထိုအကိုကြီးသည် သူမသူငယ်ချင်းနှင့်လိုက်ဖက်ပေသည်။
သူမတို့နှစ်ယောက် ကံကောင်းထောက်မ၍ကားပေါ်တွင် လူသိပ်မများဘဲ ထိုင်စရာနေရာရလေသည်။
'နင် အထဲဝင်လိုက် မြတ်နိုး''အင်း..'
တစ်ခုခုကိုထုတ်ပြောချင်သည့်အခါများတွင် မရှိရှိသည့်ချွေးကိုသုတ်တတ်သော ဇေယျာသည် ယခုတွင်လည်း ထိုနည်းတူပင် တစ်ခုခုကိုပြောချင်နေသည့်ပုံစံဖြစ်လေသည်။ထို့ကြောင့်ပင် သူမမှာလမ်းကြောင်းစပေးရသည်။
'နင် ငါ့ကိုတစ်ခုခုပြောချင်လို့လား ငဇေ'
သူမ ဘက်သို့လှည့်ကာ ရုပ်တည်နှင့်ပြောလာသောဇေယျာကြောင့် သူမကိုယ်တိုင်တောင် အနည်းငယ်ရှော့ရသွားသည်။
'မြတ်နိုး တကယ်တော့ ငါကယောက်ျားလေးချင်းကြိုက်တဲ့သူတစ်ယောက် ပြီးတော့ ငါ့မှာ ရည်းစားရှိတယ် လူတွေကတော့ ငါ့ကိုကျားကျားယားယားနဲ့မို့လို့ အခုလိုထင်မှာမဟုတ်ပေမယ့် ငါ ကိုခန့်ကိုချစ်တယ် မြတ်နိုး နင်ငါ့ကိုနားလည်ပေးမယ်မလား'
![](https://img.wattpad.com/cover/263531345-288-k728540.jpg)
YOU ARE READING
Demons🔞Season 1 [Completed]
Romanceမင်း တို့ကိုသဘောကျလို့ရတယ် ဒါပေမယ့် မချစ်မိစေနဲ့။ မင်း တို့ကိုသဘောကျလို့ရတယ် ဒါပေမယ့် မချစ်မိစေနဲ့။