Part 13

8K 479 8
                                    

Zawgyi

က​လေး နှင့်​​တွေ့၍ လိမ္မာ​နေခဲ့​သော မန်​ဆိုသည့်​​ကောင်​မ​လေးသည်​ ယခုတစ်​ဖန်​ပြန်​လည်​ ခပ်​ဆိုးဆိုးဖြစ်​​နေပြန်​​လေသည်​။သူမ ထိုအမျိုးသမီး နှင့်​​တွေ့ပြီးသည့်​ ​နောက်​မှစ၍ အတန်းမမှန်​ပြန်​​တော့​ချေ။အရင်​လို ရည်းစားမရှုပ်​​သော်​လည်း ရည်းစားမရှုပ်​သည့်​အချက်​မှလွဲ၍ ကျန်​သည့်​အရာများသည်​ အရင်​နည်းတူ
အတန်းလစ်​ကာ တစ်​​နေရာရာမှာမှိုင်​​နေတတ်​သည်​။
ယခုတွင်​လည်း အတန်းလစ်​ကာ ​နေ့လည်​ဘက်​ဖွင့်​​လေ့ရှိသည့်​ ဘားသို့​ရောက်​​နေပြန်​​လေသည်​။သူမ ​သောက်​​နေမိသည်​မှာ ဘယ်​နှစ်​ခွက်​​မြောက်​မှန်းမသိ​ချေ။သူမ မျက်​လုံးထဲတွင်​ ထိုအမျိုးသမီး ၏မျက်​နှာ
နှင့်​အတူရယ်​​မောသံများ၊စကားသံများသည်​ သူမ နားထဲတွင်​ ပဲ့တင်​သံထပ်​လို့​နေ​ပေသည်​။တစ်​ချိန်​တည်းမှာပင်​ က​လေး၏ စကားသံများကိုလည်း ကြား​နေရပြန်​သည်​။

'ညီမ​လေး အ​ဖော်​လို​သေးလား'
သူမ ​ဘေးနားခုံသို့လာကာ တဏှာအပြည့်​နှင့်​ရစ်​မူး​နေ​သော လူကို သူမ ဆဲကာ​အော်​လွှတ်​လိုက်​မိသည်​။
'I don't need you fucking shit'

'မင်း ​သေချင်​​နေပြီလား'ထိုလူ သူမကိုလက်​ဖြင့်​ရွယ်​ကာ ရိုက်​ရန်​လုပ်​လိုက်​​သော်​လည်း ထိုလူလက်​ကို ​နောက်​ထပ်​လူတစ်​​ယောက်​က ဟန့်​တားလိုက်​သည်​။
'မင်း ပြဿနာမတက်​ချင်​ရင်​ လစ်​လိုက်​တာ​ကောင်းမယ်​ မဟုတ်​ရင်​ တို့ ရဲ​ခေါ်ရလိမ့်​မယ်​'
ထို လူမှာ ​တောက်​​ခေါက်​ကာ သူမ တို့နားမှ ထွက်​သွား​လေသည်​။

'ဘယ်​တုန်းကတည်းက အခုလိုဆိုးသွားရတာလဲ
က​လေးငယ်​'
သူမ ​ခေါင်းများမူး​ဝေ​နေသည့်​ကြားထဲမှ ထိုအသံပိုင်​ရှင်​ကိုကြည့်​လိုက်​မိသည်​။သူမ အ​တွေးထဲ အချိန်​အ​တော်​အကြာ စိုးမိုးထား​သော ထိုအမျိုးသမီး မျက်​နှာတွင်​ အလိုမကျခြင်း၊ဝမ်းနည်းခြင်းများနှင့်​​ရောယှက်​​နေသည်​။

' မ '

မေ အခုတ​လော အငယ်​မ ကို​ကျောင်းပို့​ပေးသည်​နှင့်​ ချက်​ချင်းမပြန်​​သေးဘဲ က​လေး ကိုလိုက်​ရှာ​နေမိတတ်​သည်​။ကံ​ကောင်း​ထောက်​မစွာဖြင့်​ အ​ဆောင်​မှထွက်​လာ​သော ထို​က​လေးကို လှမ်းမြင်​လိုက်​သည်​။သူမ မျက်​လုံးထဲတွင်​ လွန်​ခဲ့သည့်​နှစ်​များကအတိုင်း ထိုက​လေးသည်​ ဖြူစင်​ကာ ချစ်​ဖို့​ကောင်း​နေ​သေးသည်​။
ထိုက​လေးဆီ သွားရန်​ကြိုးစားလိုက်​​သော်​လည်း ထိုက​လေးမှာ သူမ ကိုမမြင်​ဘဲ ထွက်​သွား​သော​ကြောင့်​ ထိုက​လေးကား​နောက်​မှ သူမ ကားဖြင့်​လိုက်​လာခဲ့မိသည်​။ဘား​ ​ရှေ့တွင်​ ရပ်​လိုက်​​သော ထိုက​လေး ကား ​ကြောင့်​ သူမ မျက်​ခုံးတို့ အလိုမကျစွာတွန့်​ချိုးလိုက်​မိသည်​။
'မင်း ဘာ​တွေဖြစ်​ခဲ့တာလဲ က​လေးရယ်​'

Demons🔞Season 1 [Completed]Where stories live. Discover now