Part 9

10.4K 624 11
                                    

Zawgyi

E major First year(F)ခန်း​ရှေ့တွင်​ သူမ ​ယောင်​လည်​လည်​နှင့်​ရပ်​​စောင့်​​နေမိသည်​။ဖုန်းထဲမှ အချိန်​ကိုတစ်​ချက်​ကြည့်​လိုက်​မိသည်​။ 12:10 အတန်းလွှတ်​ရန်​ 5မိနစ်​​လောက်​သာ လို​တော့သည်​မို့ သူမ ထို​နေရာမှာဘဲ ဆက်​​စောင့်​​နေမိသည်​။အတန်းထဲသို့ လှမ်းကြည့်​​သော အခါ စာကိုစိတ်​ဝင်​တစားသင်​​နေ​သော ထိုက​လေးမ ကို​တွေ့လိုက်​၍သူမနှုတ်​ခမ်း​ထောင့်​​လေးများ ​ကွေးတတ်​သွားသည်​။ယခု သူမစိတ်​ထဲတွင်​ ​တော်​​တော်​များများ​ရော​ထွေး​နေမိသည်​။ပျော်​ရွှင်​မှု၊ဝမ်းနည်းမှု၊စိုးရိမ်​မှု အစရှိသဖြင့်​ ခံစားချက်​​ပေါင်းစုံ​ရော​ထွေး​နေသည်​။သူမ အတွက်​ ချစ်​မြတ်​နိုးရသည်​မှာ မလွယ်​ကူ​သော်​လည်း ဒုတိယအကြိမ်​ တစ်​နည်းအားဖြင့်​ ​နောက်​ဆုံးအ​ကြိမ်​အဖြစ်​ ကြိုးစားမိချင်​သည်​။ထိုအမျိုးသမီးနှင့်​ အသွင်​တူ​သော​ကြောင့်​မဟုတ်​ဘဲ ထိုက​လေးမ ကိုအမှန်​တကယ်​ပင်​ ချစ်​မိ​သော စိတ်​ဖြင့်​ ကြိုးစားမိချင်​သည်​။

'က​လေး ' သူမ သူငယ်​ချင်း​ဟုထင်​ရ​လောက်​သည့်​ နှစ်​​ယောက်​သွားပြီး ​နောက်​ဆုံးမှထွက်​လာ​သော
ထိုက​လေး လက်​ကိုလှမ်းဆွဲမိသည်​။သူမ နှင့်​​တွေ့တိုင်း ပြုံးပြုံးရွှင်​ရွှင်​ ရှိခဲ့​သော ထို​ကောင်​မ​လေးသည်​ ယခုအချိန်​တွင်​ မျက်​နှာမှာခက်​ထန်​လျက်​ရှိသည်​။
'လက်​ကိုလွှတ်​ပါ' ​လေသံမှအစ တင်းမာ​နေ​သေး​သော​ကြောင့်​ ထို​က​လေးမ သူမကို စိတ်​ဆိုး​နေတုန်းမှာ​သေချာသည်​။ထို့​ကြောင့်​ လက်​ကိုလွှတ်​​ပေးကာ ထိုက​လေးမ ကို​သေချာစိုက်​ကြည့်​လိုက်​သည်​။
'တို့ ​တောင်းပန်​ပါတယ်​ က​လေး တကယ်​ကို မရည်​ရွယ်​ပါဘူး တို့ မှာ မင်းကို ထိခိုက်​​စေချင်​တဲ့စိတ်
တကယ်​ကို မရှိတာပါ တကယ်​ ​တောင်းပန်​ပါတယ်​'

'မြတ်​နိုးကို ​တောင်းပန်​စရာမလိုပါဘူး ရှင့်​ကို မြတ်​နိုး မမြင်​ချင်​တာမို့လို့ ​တကယ်​ဘဲ ​စိတ်​မ​ကောင်းဘူးဆိုရင်​ ​ရှောင်​​နေ​ပေးပါ ရှင့်​ကိုတကယ်​ကို ရွံလွန်းလို့ပါ'
ထိုသို့ ​ပြောကာလှည့်​ထွက်​သွား​သော ထိုက​လေးမ ကို သူမ လှမ်းမဆွဲထားလိုက်​မိ​ပေ။သူမ သက်​ပြင်းချကာ
ပြုံးလိုက်​ရင်း ထို​ကောင်​မ​လေး ကြားနိုင်​​လောက်​သည်​​လေ့သံဖြင့်​ လှမ်း​အော်​လိုက်​သည်​။
'တို့ မင်း စိတ်​ဆိုးမ​ပြေမချင်း မင်း​နောက်​လိုက်​​နေအုန်းမှာဘဲ က​လေးမ'

Demons🔞Season 1 [Completed]Where stories live. Discover now