Zawgyi
'သီရိ နင့်ရည်းစားက နင် တကယ်ချစ်တဲ့သူဆိုတာ ဘယ်လိုလုပ်သိသွားတာလဲ ငါ မေးချင်တာကကွာ နင်သူနဲ့တွေ့ရင် ဘယ်လိုခံစားရလဲ'
လည်ပင်းကိုလက်ဖြင့်ပွတ်ကာအတည်ပေါက်မေးလာသော မန်ကိုကြည့်ကာ လွန်ခဲ့သောသုံးနှစ်က ဟေမန်ပေါက်စ ကိုပြန်မြင်ယောင်မိသည်။ဆယ်တန်းပြီးသည့် တိုင်အောင် ရည်းစားမထားဖူးသော ဟေမန်သည်
တက္ကသိုလ်စတက်သည့်အချိန်တွင် သူ့ထက်ငါးနှစ်ကြီးသော အမကြီးတစ်ယောက်ကို မြင်မြင်ချင်းသဘောကျမိသွားသည်။ကိစ္စ အစဆုံးကို သူမ မမှတ်မိတော့သော်လည်း မန် ထိုအမကြီးကို အရမ်းချစ်မြတ်နိုးခဲ့သည်ကိုတော့ မှတ်မိသည်။မန် ယခုလို ဆိုးသွမ်းသည့်မိန်းကလေး တစ်ယောက်ဖြစ်သွားသည်မှာလည်း ထိုအစ်မကြီးကြောင့်ဟု ရတီ တစ်ထစ်ချယုံကြည်သည်။'မန် နင် တစ်ယောက်ယောက်တွေ့နေပြီလား' အမှန်တိုင်းပြောလျှင်တော့ ရတီရိပ်မိပါသည်။ကျောင်းသင်္ကြန် ပြီးကတည်းက မန့်ဘေးနားတွင် ကောင်မလေးသိပ်မတွေ့ရတော့ပေ။ထို့အပြင် စာမေးပွဲအတွက်လည်း စာဂရုတစိုက်လုပ်လာသည်။မန် အခုလို ပြောလာမည့်အချိန်ကို စောင့်နေသည်ဟုဆိုလျှင် အမှန်ပင်ဖြစ်သည်။
'ငါ အမှန်တိုင်းပြောရရင် ကလေးမတစ်ယောက်ကို သဘောကျနေမိပြီ ဒါပေမယ့် ရတီ ငါ ပျော့ ညံ့တဲ့ လူတစ်ယောက်မဖြစ်ချင်ဘူး ငါ အချစ်အတွက်နဲ့နောက်ထပ် မငိုကြွေးချင်သလို ငါ မချစ်ရဲသေးဘူး'
သူမ အခုလို ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်ထားကာ sexကိစ္စနှင့်ပျော်ပါးနေသည်မှာလည်း မ ကြောင့်ဖြစ်သည်။သူမ တက္ကသိုလ်စတက်၍ရင်ခုန်တက်စအရွယ်က မြတ်နိုးမိခဲ့သော 'မ'ဆိုသည့် အမျိုးသမီးကို မေ့လိုသောကြောင့် ကောင်မလေးတစ်ယောက်ပြီးတစ်ယောက်တွဲနေရင်းနှင့်ပင် ယခုလို သူတစ်ပါးကိုမကြည့်ဘဲ စက်ဆုပ်ဖွယ်လူတစ်ယောက်ဖြစ်ခဲ့ရသည်။သူမ ကြောင့် အရာအားလုံးပျက်စီးသွားခဲ့ရသည်။သူမ ထိုအမျိုးသမီးအတွက် ပုံတွေလည်းဆွဲပေးခဲ့ဖူးသည်။ကဗျာတွေစာတွေလည်း ဖွဲ့နွဲ့ခဲ့ဖူးသည်။ထိုအမျိုးသမီးအတွက် ပထမဆုံးဆိုသည့်အရာတော်တော်များများလုပ်ခဲ့ဖူးသည်။သို့သော် ထိုအရာများသည် ထိုအမျိုးသမီးနှင့်သာ စတင်၍သူမ ၏အိမ်မက်၊ဝါသနာ အရာအားလုံးသည် ထိုအမျိုးသမီးနှင့်ပင် ပျက်စီးခဲ့သည်။သူမ အတွက် လူတစ်ယောက်ကိုချစ်ရသည်ထက် ယခုလို ကောင်မလေးတစ်ယောက်ပြီးတစ်ယောက်တွဲကာ စက်ဆုပ်ဖွယ်လူတစ်ယောက်ဖြစ်ရသည်က ပိုကောင်းသည်။
YOU ARE READING
Demons🔞Season 1 [Completed]
Romansaမင်း တို့ကိုသဘောကျလို့ရတယ် ဒါပေမယ့် မချစ်မိစေနဲ့။ မင်း တို့ကိုသဘောကျလို့ရတယ် ဒါပေမယ့် မချစ်မိစေနဲ့။