Zawgyi
မန် သူမ ဘီဒိုထဲတွင် စနစ်တကျထည့်ကာသိမ်းထားသော လေးထောင့်ဘူးတစ်ခုကိုယူလိုက်သည်။ထို့နောက် သူမ ကုတင် ပေါ်တွင်ထိုင်ကာ ထိုဘူးကိုဖွင့်လိုက်သောအခါ အထဲတွင် ထိုအမျိုးသမီး သူမ ကိုပေးခဲ့ဖူးသည့် မာဖလာသည် မပျက်မယွင်းဘဲ အကောင်းပတိအတိုင်းရှိနေပေသည်။ထိုမာဖလာကို သူမ လက်ချောင်းလေးများနှင့် ထိတွေ့လိုက်ချင်းမှာပင် သူမ မျက်ရည်များသည်လည်း ကျဆင်းလာခဲ့သည်။
'ဘာလို့ အခုမှ ပြန်လာခဲ့ရတာလဲ ဘာလို့လဲ မ သာနေမကောင်းတာကို ဖွင့်ပြောခဲ့ရင် အတူတူရင်ဆိုင်နိုင်တာဘဲကို မ ထက်ငယ်တယ်ဆိုပြီး လူရာမသွင်းတာလား ဘာလို့လဲ ဘာလို့လဲ'သူမ အချိန်အတော်ကြာ ငိုထားမှုကြောင့် သူမ မျက်လုံးများသည် စပ်နေလေသည်။ချစ်ခြင်း ကိုသိပ်မုန်းသည်။အချစ်ဆိုသော အရာနှင့်တွေ့လျှင်ယခုလို ပျော့ညံ့ သွားတတ်သော သူမကိုသူမ သိပ်မုန်းသည်။
'ဟဲလို ကလေး' ငိုထားမှန်းမသိသာအောင် လေသံကို အသာထိန်းရသည်။ထိုကောင်မလေး အပေါ်မတရားမှန်းသိသော်လည်း သူမ ထိုကလေးကို မဆုံးရှုံးချင်ပေ။တစ်ဖက်တွင်လည်း ထိုအမျိုးသမီး နှင့်ပတ်သက်သည့်ခံစားချက်များသည် သူမ နှလုံးသားကိုရစ်ပတ်နှောင်တွယ်နေသည်။
'ကောင်းပြီလေ ကလေးကို မ လာခေါ်ရမလား' သူမ ထိုကဲ့သို့မေးလိုက်သော်လည်း တကယ်တမ်း သူမ ထိုအမျိုးသမီး နှင့်တွေ့ဖို့ ခွန်အားမရှိသေးပေ။သူမ နှင့်ထိုကလေးမ ပတ်သက်မှုကိုလည်း ထိုအမျိုးသမီး မသိစေလိုပေ။အကယ်၍သာ ဖြစ်နိုင်မည် ဆိုလျှင် သူမ ကလေးကိုကော မ ကိုပါ ပိုင်ဆိုင်ချင်ပါသေး
သည်။သူမ ကိုယ်သူမ လက်ခံသည် ဟေမန် ဆိုသော သူမ သည် သိပ်ကိုယုတ်မာပက်စက်လွန်းလှသည်။'မမ မြတ်နိုး ဟော့ပေါ့သွားစားချင်လို့ လိုက်ခဲ့ပါလား ဖေကြီးက မိုးချုပ်နေပြီမမ ပါမှလွှတ်မှာတဲ့ လုပ်ပါ လိုက်ခဲ့ပါနော် လုပ်ပါ'
YOU ARE READING
Demons🔞Season 1 [Completed]
Romanceမင်း တို့ကိုသဘောကျလို့ရတယ် ဒါပေမယ့် မချစ်မိစေနဲ့။ မင်း တို့ကိုသဘောကျလို့ရတယ် ဒါပေမယ့် မချစ်မိစေနဲ့။