Part 15🔞

21.5K 577 11
                                    

Zawgyi

အတန်း​ရှေ့တွင်​ ရပ်​​စောင့်​နေ​သော မ ​ကြောင့်​ မြတ်​နိုး အံ့သြမိသည်​။သူမ နာရီကိုကြည့်​လိုက်​​တော့ နံနက်​ ၈နာရီ ​ကျော်​​ကျော်​သာရှိ​သေးသည်​။
'ဟုတ်​တယ်​ ငါ မ ကိုအထင်​လွဲ​နေခဲ့တာဘဲ..မ ​ပြောင်းလဲ​နေပြီ အရင်​လိုမရှုပ်​​တော့ပါဘူး ငါ သက်​သက်​မဲ့ အထင်​လွဲ​နေမိခဲ့တာဘဲ ငါ​တော်​​တော်​ရူးတာဘဲ' ဟုဆိုကာ သူမ ​ခေါင်းကိုသူမ ဖွဖွထုလိုက်​မိသည်​။

မြတ်​နိုး ထိုအမျိုးသမီး ​ရှေ့သို့​ရောက်​​သောအခါ သူမ ကိုလှမ်းဖက်​လိုက်​ပြီး ​ခေါင်းကိုအသာပွတ်​​ပေးသည်​။
'ဘာလို့ ​ခေါင်းကိုထု​နေတာလဲ ​ခွေး​ပေါက်​​လေးရဲ့'

'ဟုတ်​တယ်​ ​ခွေး​ပေါက်​ ​ခွေး​ပေါက်​​လေး​တွေက ကိုက်​တတ်​တယ်​' သူမ ရီကာ ​ခြေဖျား​ထောက်​လိုက်​ပြီး ထို အမျိုးသမီး လည်​ပင်းကို သွားနှင့်​ဖိကိုက်​လိုက်​သည်​။
'အား...​ခွေး​ပေါက်​က ​တော်​​တော်​ဆိုးတာဘဲ'
ထို့​နောက်​ ​ထိုအမျိုးသမီး သူမကို​နောက်​တစ်​ကြိမ်​​ပွေ့ဖက်​လိုက်​ကာ သူမ ​ခေါင်း​ပေါ်​မေးတင်​ရင်း စကားဆိုလာသည်​။
'ဒီ​နေ့ အတန်းမတက်​ဘဲ မ တိုက်​ခန်းဆီကိုလိုက်​ခဲ့ပါလား မုန့်​အတူတူလုပ်​စားပြီး ရုပ်​ရှင်​ကြည့်​ကြမယ်​​လေ'

'ရုပ်​ရှင်​'

'အင်း ဟုတ်​တယ်​ ရုပ်​ရှင်​' ထိုအမျိုးသမီး သူမ ပါးကိုနမ်းကာ ခပ်​ပြုံးပြုံး​ပြောလိုက်​သည်​။

အခန်း​ရှေ့သို့​ရောက်​သည်​နှင့်​ ထိုအမျိုးသမီး မှာအိတ်​ထဲမှတစ်​စုံတစ်​ခုကိုအသည်းအသန်​ရှာ​ဖွေ​လေသည်​။
'​သော့ကို ဘယ်​မှာထားမိလဲမသိဘူး' ကိုယ့်​ကိုယ်​ကို အပြစ်​တင်​သည့်​​လေသံဖြင့်​ ခပ်​တိုးတိုးဆိုလာ​သော ထိုအမျိုးသမီး ​ကြောင့်​ သူမရီမိသည်​။

'ဖြည်းဖြည်း ရှာပါ မ ရဲ့ ဘာလို့​လော​နေတာလဲ'

'က​လေး ရပ်​​စောင့်​​နေရတာ ပင်​ပန်းမှာဆိုးလို့'ဟုဆိုကာ သူမ နဖူးကို ထိုအမျိုးသမီးခပ်​ဖွဖွနမ်း​လေသည်​။

'ကိုယ့်​အိမ်​လို သ​ဘောထား က​လေး မ ရဲ့​အ​ဖေနဲ့အ​မေက​တော့ ငယ်​ငယ်​ကတည်းကဆုံးသွားတာ မ တစ်​​ယောက်​တည်းဘဲ ဒီမှာ ​သောင်​တင်​​နေတာ​ပေါ့'
ထိုအမျိုးသမီး ရီလိုက်​​သော်​လည်း မြတ်​နိုးလိုက်​မရီမိ။အ​နောက်​က​နေသာ သူမခါးကို​ပွေ့ဖွက်​ထားလိုက်​မိသည်​။မြတ်​နိုး ထိုအမျိုးသမီးထံမှဝမ်းနည်းမှုများကို​ဝေမျှယူလိုက်​ချင်​ပါသည်​။

Demons🔞Season 1 [Completed]Where stories live. Discover now