Part 19

7.8K 472 10
                                    

Zawgyi

'အန်​ကယ်​ မြတ်​နိုး​ကော မြတ်​နိုးအထဲမှာလား' သူမ ၏အသံများသည်​ တုန်​​နေ​လေသည်​။သူမ ထိုက​လေးကိုဆုံးရှုံးမှဖြင့်​လျှင်ကွယ် သူမ​ရူးသွားနိုင်​သည်​။အမြဲတည်​ကြည်​​​တတ်​​သော ထိုအမျိုးသားကြီးမှာလည်း ယခုအခါတွင်​ စိုးရိမ်​စိတ်​များပြည့်​နှက်​​နေ​လေသည်​။

'အခန်းထဲမှာသမီးရယ်​ ​အ​ရေး​ပေါ် ခွဲစိတ်​ထား​ပေမယ့်
ကားအတိုက်​ခံလိုက်​ရတုန်းက လမ်း​ဘေးမှာချထားတဲ့ သံ​ချောင်းက နှလုံးထဲကိုစိုက်​ဝင်​​နေခဲ့တယ်​ ၂၄ နာရီအတွင်း အစားထိုး မခွဲစိတ်​ရဘူးဆိုရင်​ ​မျှော်​လင့်​ချက်​မရှိ​တော့ဘူး တဲ့သမီးရယ်​ ဘာလို့ အန်​ကယ့်​ သမီး​တွေမှ အခုလိုလာဖြစ်​ရတာလဲ အကြီးမ နဲ့ကိုက်​ညီတဲ့ နှလုံးရှာဖို့​တောင်​ အ​တော်​ကြိုးစားလိုက်​ရတာ အခုဘယ်​လိုလုပ်​ရမလဲ​တောင်​ မသိ​တော့ပါဘူးကွာ'
ယောက်ျားရင့်​မာကြီးဖြစ်​​သော်​လည်း ယခုအချိန်​တွင်​ မျက်​ရည်​ ပင်​ကျကာ ​ပြောလာ​သော ဖခင်​တစ်​​ယောက်​၏ ပူ​လောင်​မှုကို မန်​ နားလည်​​ပေသည်​။

'စိတ်​မပူပါနဲ့  အန်​ကယ်​ စိတ်​မပူပါနဲ့ ပြီး​တော့ မမ​မေ
သတိလစ်​သွားလို့ ​​ဆေးရုံတင်​ထားရတယ်​ ဒီ​ဆေးရုံမှာဘဲ ဆရာဝန်​က အားနည်းလို့​ပြောတယ်​ ​ဆေးသွင်း​ပေးထားတယ်​ အန်​ကယ်​ မမ​မေက​တော့သိပ်​စိတ်​မပူရပါဘူး ဒါ​ပေမယ့်​အန်​ကယ်​တို့ တစ်​ချက်​​လောက်​သွား​တွေ့လိုက်​ပါအုန်း'

'​အေးကွယ်​ ​အ​မေကြီးကို​ သွား​ခေါ်လိုက်​အုန်းမယ်​'

အခန်းထဲမှ ထွက်​လာ​သော အမျိုးသမီးကြီးမှာ သူမ နားသို့​ရောက်​သည့်​အခါ လက်​ကိုဆုပ်ကိုင်​လိုက်​ရင်း ရှိုက်ကြီးတငင်ဖြင့်​​ပြောလာသည်​။
'အန်​တီတို့ရဲ့အငယ်​​လေးကို​စောင့်​​ရှောက်​​ပေးပါအုန်းကွယ်​ အငယ်​​လေး ​ဘေးနားမှာ ​နေ​ပေးထားပါ​နော်​ သမီး​လေးရယ်​'

'စိတ်​မပူပါနဲ့ အန်​တီ စိတ်​မပူပါနဲ့'

ကုတင်​​ပေါ်တွင်​ လဲ​လျောင်း​နေ​သော က​လေးကိုကြည့်​ကာ သူမရင်​ထဲ နာကျင်​ရ​ပေသည်​။ထိုက​လေးမှာ အသက်​​သေမည်​ကိုပင်​ မ​ကြောက်​မရွံ့ သူမကို ကယ်​တင်​ခဲ့​လေသည်​။ဒါကိုပင်​ သူမမှာ ထိုက​လေး​ဘေးနားတွင်​ မရှိနိုင်​လိုက်​​ပေ။တကယ်​တမ်း ထို​နေရာ​ရောက်​​နေသင့်​သူသည်​ သူမသာဖြစ်​​ပေသည်​။
မန်​ ထိုက​လေးလက်​ကို ဆုပ်​ကိုင်​လိုက်​ကာ ခပ်​ဖွဖွနမ်း
လိုက်​သည်​။ထို့​နောက်​ ထိုက​လေး ပါးကိုညင်​သာစွာထိ​တွေ့လိုက်​မိသည်​။

Demons🔞Season 1 [Completed]Where stories live. Discover now