Part 11

13.5K 568 8
                                    

Zawgyi

'က​လေး မ အတန်း​ရှေ့မှာ​စောင့်​နေတယ်​' သူမ ထိုစာကို ဖတ်​ပြီးသည်​ နှင့်​ အခန်းအပြင်​ဘက်​ကိုလှမ်းကြည့်​မိလိုက်​သည်​။သူမ ကိုပြုံးပြကာ လက်​ပိုက်​၍ကြည့်​​နေ​သော ထိုအမျိုးသမီး နှင့်​ဆုံ​လေသည်​။နေ့လည်​ စာစားချိန်​တိုင်း လာ​စောင့်​​နေတတ်​​သော ထိုအမျိုးသမီး မှာ ​အရင်​လိုအရှုပ်​အရှင်းမရှိ​တော့သည်​မှာ အမှန်​ပင်​ဖြစ်​သည်​။သူမ သူငယ်​ချင်းနှစ်​​ယောက်​အပြင်​ အ​ကြောင်းစုံသိ​နေသည့်​ ခန့်​ညီပါ အပြစ်​မ​ပြော​တော့​ပေ။
တစ်​ခါတစ်​​လေကျရင်​​တော့ သူမ စိုးထိတ်​မိသည်​။ထိုအမျိုးသမီးကို သူမလက်​ထဲက​နေ ပြန်​လုယူသွားကြမည်​ကို သိပ်​ကိုစိုးထိတ်​မိ​ပေသည်​။

'ဘာ​တွေ စဉ်းစား​နေတာလဲ အ​ကောင်​​ပေါက်​' သူမ တို့စားဖို့အတွက်​ ကိုယ်​တိုင်​သွားမှာ​ပေး​သော ထိုအမျိုးသမီးသည်​ လူကြီးလူ​ကောင်းဆန်​ ​ပေပြန်​သည်​။သူမ ​​ရှေ့တွင်​ ဝင်​ထိုင်​လိုက်​ကာ သူမ ကိုကြည့်​လာရင်း​မေးလာ​သော ထိုအမျိုးသမီး ကိုပြုံးပြလိုက်​မိသည်​။ သူမ ကိုဆုံးရှုံးရမည်​ကို ​ကြောက်​သည့်​အ​ကြောင်းကို​တော့ ဖွင့်​ဟမ​ပြောချင်​​ပေ။မည်​မျှပင်​ချစ်​​စေ မ​နေချင်​သည့်​လူတစ်​​ယောက်​ ကိုဆွဲထားမည့်​သူထဲ သူမ လုံးလုံးမျှမပါ​ပေ။

'ဒါနဲ့ မ မြတ်​နိုးကို အပြန်​ကျရင်​ လိုက်​မပို့နဲ့​တော့' ​ကျောင်းဆင်းချိန်​တိုင်း အတူတူပြန်​​လေ့ရှိ​သော်​လည်း ယခုအခါတွင်​ သူမ အစ်​မ ပြန်​လာပြီဖြစ်​​သော​ကြောင့်​ လာကြို​ပေးမည့်​သူ ရှိ​နေ​လေပြီ။

'မြတ်​နိုးရဲ့ အစ်​မ ပြန်​လာပြီ သူအပိုအကြို့လုပ်​​ပေးမယ်​တဲ့ ဟုတ်​သားဘဲ အစ်​မ ဆို​တော့မှ အစ်​မအ​ကြောင်းကို မ ကိုတစ်​ခါမှမ​ပြောဖူး​သေးဘူးဘဲ'

'က​လေးရဲ့ အစ်​မအရင်းလား'
အ​အေးပုလင်းကို ​ဖောက်​ကာ ခွက်​ထဲသို့ကိုယ်​တိုင်​ထည့်​ပေးပြီး အ​သေးစိတ်​မှအစ ဂရုစိုက်​​နေ​သော ထိုအမျိုးသမီး ကိုသူမ မဆုံးရှုံးချင်​သည်​ မှာ သူမ အလွန်​​တော့ မဟုတ်​​ပေ။

Demons🔞Season 1 [Completed]Where stories live. Discover now