Hombre Helado (Icy Man)

913 106 1
                                    

"Jiminie

ဟိုဆရာလေး မြဲလှချေလား"

"အလကားပါကွာ
သူမဟုတ်လည်း အဘွားတို့ နောက်တစ်ယောက်ထပ်ခေါ်နေမှာ စိတ်ရှုပ်လို့"

"အေးပါကွာ
အချိန် နှစ်နာရီလောက် ဘာထူးဆန်းလို့လဲ"

မူကြို ကလေးထိန်းကျောင်းကတည်းက TaeHyung နဲ့က အတူရှိခဲ့ကြတာ။ TaeHyung က လူချစ်လူခင် များလွန်းပေမယ့် Park Jimin နဲ့သာ အမြဲ တတွဲတွဲ နေတတ်သူ။ Park Jimin အတွက်တော့ Kim TaeHyung သာ တစ်ဦးတည်သော သူငယ်ချင်းရယ်ပါ။

ကြာလာတော့လည်း ဒီလူနဲ့စာသင်ရတာ မဆိုးပါဘူးလေ။ စာကောင်းကောင်းလိုက်လုပ်ရင် နှစ်ရက် စာမသင်ရဘူး။ အဲ့လိုရပ်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်တတ်တဲ့ လူတစ်ယောက်ကို ထိုင်ကြည့်နေရတာ အလုပ်တစ်ခု ဖြစ်လာတယ်။

Min Yoongi ဆိုတဲ့လူဟာ အခြားသူနဲ့ဆို ယဉ်ကျေးနှိမ့်ချလွန်းတယ်။ ကိုယ့်အပေါ်သာ အေးစက်နေပုံရတယ်။ သူတစ်ခွန်း၊ ကိုယ်တစ်ခွန်းကလွဲ စကားကို တစ်လုံးတောင် အပိုမပြောတတ်တဲ့သူ။ ညတွေကို အိပ်ပျော်ဖို့ ခက်ခဲနဲ့ Jimin နဲ့ အိပ်ချိန်တွေ အမြဲလိုအပ်နေတဲ့သူ။ လားရာရော၊ လာရာရောက ဆန့်ကျင်ဘက်ပါပဲ။

"Yoongi Hyung"

"Wae Jimin Ah
ဘာနားမလည်လို့လဲ"

"စာမဟုတ်ပါဘူး။ စကားပြောချင်လို့"

"ပြောလေ"

"မနက်ဖြန် ကျနော်နဲ့ နေရာတစ်ခု လိုက်ခဲ့ပါလား"

"အင်း"

"ခင်ဗျား ကားမောင်းတတ်တယ်မလား"

"အင်း"

"အဆင်ပြေမှပါ"

"ရပါတယ်။ ကိုယ်လာခဲ့မယ်"

မနက်ဖြန်အတွက် သူစိတ်လှုပ်ရှားပါသည်။ Park Jimin သာ အရာရာဆိုသည့် အဘွားကိုယ်တိုင် တားမြစ်ထားသည့် ကိစ္စ။ တစ်ယောက်တည်း ဘယ်သူ့ကိုမှ မပြောဘဲ ကြိုးစားသင်ယူခဲ့သည့် အရာတစ်ခု။ ပြိုင်ပွဲတစ်ခုအနေနဲ့ဆိုတော့ သူကြောက်သည်လေ။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သူကပဲ စိတ်စောနေတာဖြစ်မယ်။ ဟိုလူဟာ ရောက်မလာသေး။ အချိန်က နီးတာတော့ နီးနေပြီလေ။ သိပ်မကြာပါဘူး။ မောကြီးပန်းကြီးနဲ့ အဲ့လူဟာ စက်ဘီးနဲ့ရောက်လာခဲ့တယ်။ ကားတစ်စီးတောင် သူ့မှာ မရှိဘူးလား။

Esperanza (Hope) Completed Where stories live. Discover now