စာရေးခုံပေါ်မှာရှိနေတဲ့ ရိုးရှင်းတဲ့ အဝါရောင် ဘူးအဖြူလေး။ ဖောက်ဖွင့်လိုက်တော့ ခပ်သော့သော့ရေးထားတဲ့ စာကြောင်းလေး နှစ်ကြောင်း။
"Congratulations Jimin Ah
Happy 18th Birthday"ဘာများ ဂုဏ်ယူ ပျော်ရွှင်စရာကောင်းနေလို့လဲ။ မွေးဖွားလာခဲ့တာဟာ။ ဘူးထဲကထွက်လာတဲ့ yarn bracelet အနက်ရောင်လေးတစ်ခု။ သူထုတ်ပယ်ပစ်ချင်ထားတဲ့ မွေးနေ့ဟာ ဒီနေ့တော့ အထီးမကျတော့ သလို။ ဒီလူဟာ အမြဲ သူ့အပေါ် လှောင်ပြုံးပြုံးတယ်။ အမြဲ အလိုမကျသလို အေးစက်တယ်။ မဖြစ်မနေ လိုအပ်နေချိန်တိုင်းမှာတော့ ဒီလူဟာ ရှိနေပြန်ပါရော။
Next Day
စာသင်နေတဲ့ တစ်ချိန်လုံး သူဟာ မသိချင်ယောင်ဆောင်နေတာပဲ။ လက်ကို ဘယ်လောက် မြှောက်ပြပြ မကြည့်ဘူး။ ဒီချည်ကြိုးလို ခင်ဗျားဟာ ကျနော့်ကို ချည်နှောင်နေပြီလား။"Yoongi Yah
ဝတ်ကြည့်လိုက်တော့ မဆိုးပါဘူး။ "
"အင်း" တစ်ခွန်းတောင် ပြန်မပြောဘူး။ အသက်အားဖြင့် အများကြီးကွာတယ်ဆိုပေမယ့်၊ သူဟာ ကျနော့်ဆရာတစ်ယောက်ဆိုပေမယ့် ကျနော် စိတ်ထင်ရင် ထင်သလိုခေါ်တာပါပဲ။ ကျနော်တို့က အေးစက်နေဆဲ ထင်ရပေမယ့် ပိုပြီး နီးကပ်လာသလို ခံစားရတယ်။ ဘဝမှ ပထမဆုံး တစ်ယောက်ယောက်နဲ့ အတူရှိတာ လုံခြုံသလို ခံစားရပြီး၊ တစ်ယောက်ယောက်ကို အားကိုးချင်လာတဲ့ ပထမဆုံး ခံစားချက်ပေါ့။ ဘယ်သူမှ မခိုင်းစေရဘဲ စာကို ကြိုးစားပန်းစား လုပ်ဖြစ်လာတယ်။ အပြင်ပိုင်း အမူအရာတွေကတော့ ကျနော် ဆိုးမြဲ ဆိုးနေဆဲပါ။
"Hyung"
"Yoongi Hyung"
ပြောလေဆိုတဲ့ ပုံစံနဲ့ ခေါင်းကိုသာ ငြိမ့်ပြတယ်။
YOU ARE READING
Esperanza (Hope) Completed
Fanfictionမျှော်လင့်ချက်ဟာ ရှင်သန်နေထိုင်ဖို့အတွက် အရေးပါတဲ့အကြောင်းတွေ။ Zawgyi & unicode version Min Yoongi 💛 Park Jimin Jeon JongKook 💜 Kim TaeHyung