Abrázame (Hug Me)

648 79 15
                                    

Daegu Cemetery

အစိမ်းရောင် တောင်ကုန်းမို့မို့။
ခဏခဏ မလာနိုင်လို့ တောင်းပန်ပါတယ်။
နေရာကို အနည်းငယ် သေချာရှင်းပြီး ဝိုင်နဲ့ကိတ်ကို ခင်းလိုက်တယ်။ ဖယောင်းတိုင်တော့ မထွန်းတော့ပါဘူး မေမေ။ ဒီမှာ မေမေကြိုက်တဲ့ နှင်းဆီအဖြူတွေ။

အစိမ်းရောင် တောင်ကုန်းမို့မို့။ခဏခဏ မလာနိုင်လို့ တောင်းပန်ပါတယ်။နေရာကို အနည်းငယ် သေချာရှင်းပြီး ဝိုင်နဲ့ကိတ်ကို ခင်းလိုက်တယ်။ ဖယောင်းတိုင်တော့ မထွန်းတော့ပါဘူး မေမေ။ ဒီမှာ မေမေကြိုက်တဲ့ နှင်းဆီအဖြူတွေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဒါ Park Jimin တဲ့ မေမေ"

"Jimin မိတ်ဆက်လိုက်ဦး"

"အခုမှ မိတ်ဆက်ရလို့ နားလည်ပေးပါ။
ကျနော် Yoongi Hyung ရဲ့ အမျိုးသားပါ။
အခုထိတော့ သူပျော်လာအောင် လုပ်မပေးနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကြိုးစားပြီး လုပ်ပေးပါ့မယ်"

Jimin တိုးတိုးလေး မိတ်ဆက်လိုက်တယ်။ စိတ်ထဲမှာ နည်းနည်းကြည်နူးသလိုပဲ။ Hyung မိသားစုနဲ့ တရားဝင် မိတ်ဆက်ရတာ။ ကျနော်လည်း Hyung မိသားစုလို့ အသိအမှတ် ပြုလိုက်တာလား။

Hyung နဲ့ အတူတူ မေမေ့ကို ကန်တော့ကြတယ်။ ယွန်းဂီက သိုသိပ်လွန်းတယ်။ သူကသာ သူ့မှာ ဖြစ်ပျက်ခံစားရသမျှ Yoongi Hyung ရှေ့မှာ မကွယ်ဝှက်နိုင်ပေမယ့် Hyung အကြောင်း သူသိပ်မသိပါဘူး။ Hyung မိသားစုတွေက ပုံမှန် မဟုတ်သလို ဆိုတာကလွဲ သူ ဘာမှမသိဘူး။ Hyung ကိုယ်တိုင်လည်း အိမ်သိပ်မပြန်သလို၊ အိမ်ပြန်တဲ့အခါတိုင်းလည်း သူ့ကို အိမ်ထဲခေါ်လေ့မရှိတာမို့။

ကျနော်တို့ အနည်းငယ် မေမေနဲ့ သောက်ကြပြီးနောက် cemetery ကနေ အောက်ကို ဆင်းလာခဲ့တယ်။ Yoongi Hyung ဟာ တိတ်ဆိတ် ငြိမ်စက်လို့။

"Jimin Ah
အချိန်ရလား"

"ဘာလုပ်စရာမှ မရှိဘူးလေ
ရပါတယ်"

ကားလေးဟာ မြို့ပြင်ကိုဖြတ်ပြီး အနည်းငယ် ချောင်ကျတဲ့ လမ်းကလေး။ မြို့ပြနဲ့ ကွာဝေးလာတာနဲ့အမျှ စိတ်ဟာ ပိုပြီး လန်းဆန်းလာတယ်။ ကားအပေါ်မိုးကို ဖွင့်ပြီး ကျနော်ဟာ အသံထွက်အောင် အော်နေလိုက်တယ်။ ဒယ်ဂူဟာ တောင်တွေကို ဖြတ်ပြီး ပတ်ရတဲ့ မြို့လေး။ အဲ့မြို့လေးကို ကျော်ပြီးမှ မထင်မရှား ရွာကလေး။ အဲ့ဒီနောက်မှာမှ စိမ်းစိမ်းစိုစို အပင်တွေနဲ့ အိမ်ငယ်လေး။ ပွင့်နေဆဲ ပန်းလေးတွေနဲ့ ဒီနေရာက တော်တော်သာယာတယ်။

Esperanza (Hope) Completed Where stories live. Discover now