အရောင်တွေအကြောင်းကို ကျနော်တို့နှစ်ယောက်လုံးမသိပါဘူး။ အတူရှိတဲ့ နှစ်နှစ်အတွင်းမှာ ကျနော်တို့ နီးကပ်လာသလိုပါပဲ။ လုပ်ယူကြိုးစားကြတာမဟုတ်ဘဲ အလိုအလျောက် ပျော်ဝင်လာတာ။ အဲ့လိုပြောလို့ အဆင်ပြေတဲ့နေ့ရပ်တွေချည်း မထင်ပါနဲ့။ သူဟာ အမြဲ ဂရုမစိုက်မြဲ။ ကျနော်ဟာလည်း ဆိုးပေမြဲပါပဲ။ အသေးစားပြောင်းလဲမှုအနေနဲ့ ကျနော်ဟာ စာသင်ချိန်မှန်လာသလို စာကိုလည်း ကောင်းကောင်းလိုက်လုပ်နေပါတယ်။ သူဟာ အပြုအမူနဲ့ စကားတွေနဲ့ မဖော်ပြတတ်၊ မနွေးထွေးတတ်သည့်တိုင် လိုအပ်လာချိန်တိုင်း အနားရှိနေဆဲပါ။ သူ့အမြင်မှာ ကျနော်ဟာ အမြင်ကတ်စရာ သူဌေးသား၊ အထင်သေးစရာ လူတစ်ယောက်ဖြစ်ပြီး ကျနော့်အမြင်မှာလည်း သူဟာ ချေမိုးတတ်တဲ့ ဆရာတစ်ယောက်ပါပဲ။ အဲ့ဒီထက်ပိုတဲ့ သံယောဇဉ်တွေ၊ နွေးထွေးစောင့်ရှောက်မှုတွေ၊ လိုအပ်မှုတွေ တွယ်ငြိမှုတွေကို နှစ်ယောက်လုံး သတိမထားမိခဲ့ကြပါဘူး။
အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲ
Jimin မကြိုးစားစဖူး တစ်နှစ်ပတ်လုံး ကြိုးစားထားတာမို့ မျှော်မှန်းထားသည့် University ရောက်မည်ဟု ယုံကြည်သည်။ အဘိုး၊ အဘွားတို့ ဆန်ဒသာဆို Jimin စာကြိုးစားချင်စိတ် ရှိမှာမဟုတ်။ အခုတော့ သူ uni သွားချင်သည်။ နောက်ထပ်လည်း ထိုလူသားကို သူ့ဆရာအဖြစ် အနားရှိစေချင်သည်။ Jimin က တော်လိုက်တာ ဆိုတဲ့ ချီးကျူးစကား ကြားချင်သည်။ ဒါက သူ့စတိုလ်တော့ မဟုတ်လှဘူး။ ကိုယ်တိုင် ဘာဖြစ်လို့ ဒီလိုဖြစ်နေချင်မှန်းလည်း မသိဘူး။
"Jimin Ah
ကောင်းကောင်း မအိပ်ဘူးလား""အိပ်ပါတယ်။"
"ဘာလို့ မျက်နှာ တအားချောင်သွားတာလဲ။
စာမေးပွဲဖြေတော့မယ်။ ဂရုစိုက်မှပေါ့"စာမေးပွဲကြောင့်ပဲ အိပ်မပျော်တာလို့တော့ မပြောဖြစ်တော့ပါ။
"Yoongi Yah"
"တကယ်လို့ အားရင် မနက်ဖြန် ကျောင်းကို လာကြိုပေးမလား။ သွားစရာ နေရာရှိလို့"
"အင်း"
ဒီလိုနဲ့ မနက်ဖြန် စာမေးပွဲ နောက်ဆုံးနေ့။ Jimin ခေါင်းထဲမှာ ရီဝေဝေ။
YOU ARE READING
Esperanza (Hope) Completed
Fanfictionမျှော်လင့်ချက်ဟာ ရှင်သန်နေထိုင်ဖို့အတွက် အရေးပါတဲ့အကြောင်းတွေ။ Zawgyi & unicode version Min Yoongi 💛 Park Jimin Jeon JongKook 💜 Kim TaeHyung