"ကျနော်တို့ ကျောချင်းကပ်မှာ
အကျယ်ကြီး ဝေးတယ်"
Distancia espalda con espalda(Back to back distance )
လူဟာ ဘယ်နှခါ နာကျင်တတ်လဲ မပြောတတ်ဘူး။ အနီးဆုံးနေရာဟာ အဝေးဆုံးပဲ။
တစ်အိမ်ထဲကနေ ကျောင်းတစ်ခုထဲ အတူတူသွားနေပေမယ့် ကျနော်တို့ဟာ အေးစက်။"ဟို အာဂျီးမား
သူရော""Yoongi လေး အစောကပဲ ကျောင်းသွားပြီ Jimin လေး"
"မနက်စာ ပြင်လိုက်မယ်"
"ဟို...ဟိုလေ
သူရော မနက်စာ စားသွားလား""စားသွားပါတယ် Jimin လေးရေ"
သူသိတာပေါ့။ ဒီကလေးလေးကို သူတို့လင်မယားပဲ သားတစ်ယောက်လို စောင့်ရှောက်ခဲ့တာ။ လက်ထပ်ပြီးကတည်းက ဒီကောင်လေး တက်ကြွ ပျော်ရွှင်နေတာ မတွေ့ရတော့ဘူး။ Yoongi ဆိုတဲ့ ကောင်လေးလည်း အတူတူပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ပူ၊ သိချင်နေကြတာများ ဘာလို့ စကားပြောဖို့ ခက်ခဲနေကြလဲ မသိဘူး။ ကလေးတွေက နားလည်ရခက်လိုက်တာ။
Jimin ဟာ အဒေါ်ကြီးရှေ့မှာသာ ဟန်မဆောင်တတ်ပေမယ့် အခြားသူတွေရှေ့မှာတော့ သူ့အမူအရာဟာ မပြောင်းလဲ။ အခုလည်း ကျောင်းရှေ့မှာပဲ လက်ထပ်ပြီးမှ ထပ်ရထားတဲ့ ရည်းစားလေး Han SoHee နဲ့ ကြည်နူးပျော်ရွှင်ယောင် ဆောင်ထားမြဲပဲ။ တစ်ယောက်ယောက် ဂရုစိုက်မလား မျှော်လင့်ပေမယ့် Min Yoongi ဆိုတဲ့ လူသားကတော့ မဖြစ်နိုင်ဘူး။ သူ့တည်ရှိမှုကိုတောင် သိသေးရဲ့လား မသိတဲ့သူပဲ။ ထိုညကစပြီး စကားမပြောဖြစ်တာ ကြာပြီလေ။
ကလပ်တက်တယ်။ သောက်စားတယ်။ သူ့မှာ ပျော်စရာ ဒါတွေပဲ ရှိတာ မဟုတ်ဘူးလား။ ဒီနေ့တော့ မရောက်တာကြာတဲ့ TaeHyung တို့ဆိုင် သွားဖြစ်တယ်။ ဒီကောင်ကတော့ ကမ်ဘာတစ်ခုလုံးအပိုင်ရထားသလို ပြုံးပျော်နေတဲ့ကောင်လေ။ သိပ်မကြာခင်မှာပဲ သူ့ကောင်လေး အထက်တန်း ပြီးဆုံးတော့မယ် မဟုတ်လား။
"တအားကြီး မသောက်ပါနဲ့ Jimin ရာ"
"မသောက်ရင် အထီးကျန်လို့ ရူးတော့မယ်"
"ယောက်ျား ရှိတဲ့သူက"
ပြောသာ ပြောရတယ်။ Jimin ရော Yoongi Hyung ရောရဲ့ အခြေအနေကို သိထားပြီးသားပဲ။ အပြင်ကလူက ပိုမြင်တယ်။ နှစ်ယောက်လုံးက စကားသာ မပြောတာ တစ်ယောက်ကို တစ်ယောက် သံယောဇဉ်မရှိတာတော့မဟုတ်။ ကိုယ့်အကောင်ကဆို ချစ်လိုက်တာ တုန်လို့။ ဒါတောင် မူနေကြသေးတယ်။ ထယ်ယောင်းတို့တော့ မဟုတ်ပါဘူး။ အားအားရှိ ကုကီးလေးနား ချွဲလွန်းလို့ ဘယ်သူအကြီးလား အငယ်လား ဖြစ်နေပြီ။
YOU ARE READING
Esperanza (Hope) Completed
Fanficမျှော်လင့်ချက်ဟာ ရှင်သန်နေထိုင်ဖို့အတွက် အရေးပါတဲ့အကြောင်းတွေ။ Zawgyi & unicode version Min Yoongi 💛 Park Jimin Jeon JongKook 💜 Kim TaeHyung