Otoño (Autumn)

690 97 0
                                    

ကမ်ဘာပြိုတယ်ဆိုတာ ဘယ်လိုလဲ သိလား။
ကမ်ဘာ တစ်ခုလုံး တည်ဆောက်ထားမိလို့ပေါ့။

သူထွက်သွားပြီး ဘာဖြစ်လာလဲဆို မျှော်လင့်ထားတဲ့အတိုင်း Wilson ရဲ့ Uni ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့တာပဲ။ လွယ်လွယ်ကူကူပဲလားဆို ဆေးရုံတက်ရတဲ့အထိ ကျနော် သူ့အနားရောက်ဖို့ ကြိုးစားခဲ့တာ မဟုတ်လား။ အခုလည်း ကျနော် သူ့ကို စောင့်နေတုန်းပဲ။ ကောင်းသော စောင့်စားခြင်းတွေတော့ မဟုတ်တော့ဘူး။ Park Jimin ဘယ်လို အရွယ်ရောက်လာသလဲ ပြချင်လို့။

နှစ်နှစ်ခန့်ကြာသော် 🍁🍁🍁

ဒီမြေကို ခြေချလိုက်တော့လည်း နွေးတာလား၊ အေးတာလား။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတယ် မထင်ပါဘူး။ ကိုယ့်အတွက်တော့ ဘဝဟာ ရွေးချယ်စရာလို့ မထင်ပေမယ့် ရူးရူးမိုက်မိုက် ပျော်စေချင်တဲ့ ဘဝတစ်ခုတော့ ရှိခဲ့ဖူးတာ သတိရမိတော့ နွေးကနဲ ဖြစ်လာရသေးတယ်။

ဒီမြေ၊ ဒီနေရာဆိုတာ ငါးနှစ်လုံး သူ ခြေချခဲ့တဲ့ နေရာပဲလေ။ ဝေးကွာခဲ့တာ နှစ်နှစ်ဆိုတဲ့ ကာလလေးတစ်ခုပဲ။ မကြာခင် ဆောင်းဦး ပေါက်တော့မယ်။ တက်ကသိုလ် ပရဝဏ်ဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဒီအငွေ့အသက်ပါပဲ။ လတ်ဆတ်မှု၊ အရောင်အသွေးစုံလင်မှု၊ တက်ကြွမှုတွေနဲ့။ သူ ပထမဆုံးဝင်ရမယ့် စာသင်ခန်းဟာ တတိယနှစ် ကျောင်းသားတွေရဲ့ အခန်း။

Lecture မစတင်ခင် ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်တော့..... အထူးပြုနဲ့ ပါရဂူဘွဲ့ရ Mr.Min။ ကျနော်ဟာ စည်းကမ်းတင်းကျပ်သူ၊ အစဉ်အလာကြီးမားသူအဖြစ် မရောက်လာခင်က လူသိများခဲ့ပြီးသား။ အခန်းဝကနေ စီးကရက်တိုကို ဖနောင့်နဲ့ နင်းခြေပြီး အမှိုက်ပုံးထဲ ထိုးခြေထည့်သွားတဲ့ ဒီဆံပင် ရွှေရောင်ဖျော့ဖျော့နဲ့ လူသားဟာ ထပ်ကြည့်စရာ မလိုအောင် မမှတ်မိနိုင်စရာ မရှိ။

အတန်းရဲ့ခုံမှာ ဝင်ပြီး မှောက်အိပ်နေတဲ့ ဒီကောင်လေးဟာ ကြားရတဲ့သတင်းတွေလောက်တော့ ဆိုးမနေခဲ့ဘူးထင်တာပါပဲ။ uni ကျောင်းသားတစ်ယောက်ကို စာမသင်ချင်ထွက်သွားလို့ အငြင်းပွားရမှာတော့ ပျင်းစရာကောင်းလှတယ်။
ဒါမှမဟုတ် အဲ့လိုမဆိုးနေဖို့ ကျနော် မျှော်လင့်နေတာများလား။ အတန်းချိန်ပြီးတာနဲ့ နားနေခန်းကို ပြန်လာလိုက်တယ်။ ခပ်လှမ်းလှမ်းက မြင်လိုက်ရတဲ့မြင်ကွင်းမှာ ဒီကောင်လေးဟာ ကောင်မလေးတစ်ယောက်ရဲ့လက်ကို တွဲလို့။ စာသင်ခန်းကို လိုက်ပို့ပုံရပါတယ်။ ခြေလှမ်းက ဘယ်လိုမခိုင်းစေဘဲ ရွေ့လျားမိတယ် မသိဘူး။ ကျနော့်က သူ့အနီးမှာ...။

Esperanza (Hope) Completed Where stories live. Discover now