memoria de medianoche(Midnight Memory) Warning 🔞

744 80 12
                                    

မှန်တံခါးမှာ စီးကျနေတဲ့ မိုးရေစက်တွေဟာ အထင်းသား။
အဲ့အမျိုးသမီးဆီက ပြန်လာလာချင်း သတိရမိတာ Hyung ကိုပါပဲ။
Hyung ကို တွေ့ချင်တယ်။
Hyung က လက်မခံသည့်တိုင် Hyung ကိုယ်ထဲမှာ ခေါင်းထိုးငိုချင်တယ်။

"တီ...တီ...တီ"

"Hyung ဘယ်မှာလဲ"

"TaeHyung တို့ဆိုင်မှာ
ခဏနေ အိမ်ကိုဝင်ပြီး ပြန်လာခဲ့မယ်

Jimin ဘာမှာမလဲ မှာလေ"

"မမှာပါဘူး။ စောစောပြန်လာလို့"

ဘာစကားမှ မပြောပေမယ့် သူ့စကားကိုနားထောင်ပြီး ပြုံးနေမှာကို သူသိသားပဲ။ Hyung နဲ့ ပတ်သက်ပြီး စိတ်ရင်းကို တွေ့ဖူးပြီမို့ သူကပဲ လှမ်းသွားတောမှာ။ မမှားအောင် သူကပဲ ကြိုးစားတော့မှာ။

တစ်ကျော့ပြန်စီးကျနေတဲ့ မိုးရေတွေကြောင့် လူက ချမ်းစိမ့်စိမ့်။ တကယ်ပဲ ဒီအချိန်ဆို ဘယ်နှနာရီ ရှိနေပြီလေ။

"ဦးလေးကြီးရော"

"ကားသွားယူတယ်လေ။ ဆရာလေးကား ပြင်ထားလို့"

"အဲ့တာဆို Hyung ကားယူမသွားဘူးလား"

"သား ဘာခိုင်းစရာရှိလို့လဲ။
ဟိုမှာ ဦးလေး ပြန်လာနေပြီ"

"နေ...နေ
သား အပြင်ခဏသွားဦးမယ်"

"မိုးတွေရွာနေတဲ့ဟာ Jimin လေး ရယ်"

"Hyung ကို ကြိုပြီးလာခဲ့မယ်။
အဒေါ်ကြီးတို့ မစောင့်နဲ့တော့နော်"

ထယ်ယောင်းတို့ဆိုင်တောင် ပိတ်ပြီတဲ့လေ။ Hyung အိမ်မှာ ရှိနေမှာပေါ့။ မိသားစုရယ်လို့ ဖြစ်လာပေမယ့် မိသားစုဝင်တွေနဲ့ မရင်းနှီးပါဘူး။ Hyung ကိုယ်တိုင် တစ်ကြိမ်တစ်ခါမှ သေချာ မိတ်ဆက်မပေးဖူးတာမို့။ ကျနော်တို့က ချစ်လို့လက်ထပ်ထားကြတာမှ မဟုတ်တာ။
Hyung သွားတဲ့အခါတိုင်း မခေါ်သလို၊ Hyung ကို သွားခေါ်တိုင်းလည်း အပြင်ကပဲ စောင့်ခဲ့ရတာ။

Hyung အိမ်မှာ ရှိနေသေးလား သေချာအောင် လူခေါ်ဘဲလ်ကို နှိပ်လိုက်တယ်။ မိုးသံကြောင့် အထဲကလူတွေ မကြားရဘူးထင်တယ်။ တံခါးကိုတွန်းပြီးဝင်တော့ ဝင်လို့ရသားပဲ။

"မင်ယွန်းဂီ"

"မင်းက ငါတို့ကလေးတွေနဲ့အတူ မင်မျိုးရိုးဖြစ်နေတာကိုက ဘယ်လောက်ရှက်ဖို့ကောင်းလဲ"

Esperanza (Hope) Completed Where stories live. Discover now