"ကိုယ် ဟိုမှာ ပါရဂူဘွဲ့ တစ်ခုထပ်ယူမယ်
ဟိုမှာ ဧည့်ပါမောက္ခ အလုပ်ဝင်မယ် Jiminie""အင်းပါ"
သေချာ စီစဉ်ထားပြီးအရာတစ်ခုကို အသိပေးရုံ သက်သက်ပါပဲ။ သူ့မှာ တားခွင့်မရှိပါဘူး။ သူအမြဲ Hyung ကို ရှုံးနိမ့်ပြီးသားပါပဲ။
"ဘယ်တော့ သွားမှာလဲ"
"နောက်တစ်ပတ်နေရင်..."
"အားလုံးစီစဉ်ပြီးသားပဲ ထင်တယ်။ Hyung လိုအပ်မယ်ထင်တာ ကျနော်နဲ့အတူ သွားဝယ်ကြမယ်လေ"
"ဟင့်အင်း။ ကျန်တဲ့ ရက်ကလေးကို Jimin နားပဲ နေချင်တယ်"
ဒါနဲ့များ ဘာလို့ ထွက်သွားချင်ရတာလဲ။ Hyung ဟာ အမြဲ ရက်စက်တယ်။ တစ်ဖက်သတ် အတွေးကလွဲရင် သူ့ဘက်ကို တွေးတောင် မတွေးတဲ့လူပဲ။ အများကြီး နာကျင်စေခဲ့ဖူးပြီပဲ။ Hyung ကို သူ ပျော်စေချင်ပါတယ်လေ။
သာမန်ထက်ပိုပြီး နာကျင်တဲ့နေ့တွေကို သာမန်လို ဖြတ်သန်းနေရတာ မလွယ်ကူဘူး။
ကျင့်သားရနေပြီသား ထမင်းစားပွဲမှာ တစ်ယောက်ပျောက်သွားရင်အတွေးဟာ အရူးလိုပဲ။
ချန်ထားရစ်တော့မှာသေချာလို့ ပေးတဲ့ ဂရုစိုက်မှုများစွာဟာ နာကျင်စေတယ်။
တစ်ချိန်လုံး အမြဲ မတည့်ရာကနေ နောက်ဆို ရန်ဖြစ်နိုင်ပါ့မလားတွေးတော့လည်း ဝမ်းနည်းရတာပါပဲ။
ဘာမှမဖြစ်သလို ကြိုးစားတည်ဆောက်နေရတာကိုက ပြိုလဲခြင်း တစ်မျိုးပါပဲ။
ဘယ်သူက အနိုင်လဲ။ ဘယ်သူက အရှုံးလဲ။ နှစ်ဦးစလုံး နာကျင်ရတယ်ဆိုရင်တောင် ကျနော် အရှုံးပေးချင်ပါတယ် မင်ယွန်းဂီ။
ကျေပါ။
ပြီးတော့ ပြေပါ။💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
နှစ်တွေအကြာကြီး လူတစ်ယောက်နဲ့အတူ
အသက်ရှင်ခဲ့ပြီးမှ ပြန်ကွဲကွာခဲ့ရတယ်ဆိုတာ
အဲ့ဒီနှစ်တွေကိုဖြုန်းတီးလိုက်တဲ့သဘောမဟုတ်ဘူးလား ။ဟင့်အင်း ။
အဲ့ဒီတစ်ယောက်သာမရှိခဲ့ရင်
အဲ့ဒီနှစ်တွေမှာ အသက်ရှင်ချင်မှ ရှင်နေနိုင်မှာပေါ့ ။
YOU ARE READING
Esperanza (Hope) Completed
Fanfictionမျှော်လင့်ချက်ဟာ ရှင်သန်နေထိုင်ဖို့အတွက် အရေးပါတဲ့အကြောင်းတွေ။ Zawgyi & unicode version Min Yoongi 💛 Park Jimin Jeon JongKook 💜 Kim TaeHyung