!!!လက်ရှိအခြေအနေကိုattentionရှာတာမဟုတ်ပါဘူးရှင့် ဇာတ်လမ်းအနေနဲ့ ဒီတစ်ပိုင်းပဲထည့်ရေးတာပါရှင့်
တော်လှန်ရေးတိုက်ပွဲတွင် ကျသွားသော သူငယ်ချင်း၏ နာရေးမှ အပြန် စိတ်အစဥ်တို့သည် တိမ်ကဲ့သို့ လွင့်လျက် မင်းခန့်နောင် တစ်ယောက် စီးကရက်လေး သောက်ကာ မြို့ဦးထိပ် ကန်ဘောင်တွင် အတွေးနယ်ချဲ့နေ၏။ ဘာဆက်လုပ်ရမလဲ ၊ ဘာတွေဖြစ်လာနိုင်လဲ။.........
တွေးရင်း အန္တရာယ်ရှိနိုင်တာကြောင့် အိမ်ကို အမြန်ပြန်ခဲ့၏။ ပေါင်းနေကျ သူငယ်ချင်းကလည်း စစ်ဘက်က ဖြစ်နေသောကြောင့် စိတ်နာကာ အဆက်အသွယ်ဖြတ်လိုက်သောကြောင့် စိတ်လေနေခြင်းဖြစ်သည်။
မင်းခန့်နောင် ဝေယံဖြိုး နေမင်းအောင် တို့ဆိုသည်မှာ ညီကို အရင်းများကဲ့သို့ ပေါင်းသောသူငယ်ချင်းများဖြစ်သည်။
နေမင်း က အလုပ်အရ စစ်သားလုပ်နေရုံမဟုတ်ဘဲ သူငယ်ချင်းများနှင့်ပါ သူ့ဘက်က မှန်ကြောင်း၊ စစ်တပ်ကောင်းကြောင်းတို့ ပြောနေသောကြောင့် နွေငြိမ်းနှင့် ရန်ဖြစ်ကာ Feb ၅ရက်နေ့မှစ၍ မပေါင်းဖြစ်ခဲ့ကြပါ။
ထိုမျှသာမက ဝေယံက ပါ ဆုံးသွားသောကြောင့် နောင် တစ်ယောက် ပို၍ ယောင်လည်လည် ဖြစ်နေခြင်းဖြစ်သည်။
လုပ်နေကျ ဖြစ်သော ပန်းချီ ဆွဲသည့် အလုပ်ကလည်း ခံစားချက်မကောင်း၍ မလုပ်နိုင်တာ ကြာပြီ။ လုပ်စရာ မရှိ အတူတူ လမ်းထိပ် ကယ်ရီဂိတ်မှ ဦးလေးကြီးများနှင့်ချိတ်ကာ ဆိုင်ကယ် ကယ်ရီ ဆွဲနေသည်။ အလုပ်လုပ်တော့ နည်းနည်း စိတ်သက်သာရာ ရသေးသည်။ အပြင်ထွက်၍ အလုပ်လုပ်နေသူတွေ အကြောင်းကို ပို လေ့လာခွင့်ရသည်။ ဝင်ငွေလည်း မဆိုး။ အစ်ကို တစ်ယောက်နှင့်လည်း ခင်မင်ခွင့်ရခဲ့သည်။
ထိုအစ်ကိုက ကျူရှင် ဆရာတစ်ယောက်ဖြစ်သည်။ အမြဲသပ်သပ်ရပ်ရပ်နှင့် စကားပြောကောင်းသည်။