part 3

1.4K 32 1
                                    

ဒီနေ့ အိပ်ယာထနောက်ကျသွားသည်။6နာရီခွဲ
အစ်ကိုနားကိုရောက်တော့ 6နာရီ45မိနစ်
အောက်ထပ်ကစားပွဲပေါ်မှာမရှိဘဲ အပေါ်မှာရှိသည်ထင်။‌အကို့ကို တောင်းပန်ရမည်။ အကို တောင်းပန်ပါတယ်ဗျ
ကျွန်တော်အချိန်နောက်ကျသွားပါတယ်။
ဘာ ဖြစ် လို့ နောက် ကျ တာ လဲ
ဒေါသသံမဟုတ်ဘဲ အေးစက်စက်အသံပေါက်နေတာမလို့ ကျွန်တော်အမြန်တောင်းပန်ရသည်။
"အိပ်ယာထနောက်ကျသွားလို့ပါဗျ"
"မသင်ချင်တော့ဘူးလား"
"မဟုတ်ပါဘူး ညကအိပ်တာနောက်ကျလို့ မထနိုင်လို့ပါ"
"နောက်ရက်စောစောထနိုင်ဖို့ အရင်ညထဲက စောစောအိပ်ထားဖို့လိုတယ်"
"ဟုတ်ကဲ့ပါ အကို ကျွန်တော်တောင်းပန်ပါတယ်ဗျ"
"စည်းကမ်းမရှိတာ ကိုယ်မကြိုက်ဘူးနောင် နောက်ရက်တွေအချိန်မီအောင်လာပါ နိုင်ငံခြားသွားမယ့်သူက အဲ့ပုံစံမျိုးမရဘူး"
အရွယ်ကြီးနဲ့မလိုက် လက်ပိုက်ပြီးမျက်နှာငယ်လေးနဲ့ရပ်နေ့တဲ့နောင် ကို သဘောတကျပြုံးမိသည်။

အချစ်မှသည်(Complete)Where stories live. Discover now