ဒီလိုနဲ့ တူမလေးကိစ္စနဲ့ ကျွန်တော်လည်း နိုင်ငံခြားကိုမသွားဖြစ်သေးပါဘူး
အကို့ကို တာဝန်တေွအကုန်ပုံချခဲ့လို့မဖြစ်သေးဘူးလေ
အကိုကတော့ ကလေးအရွယ်ရလာရင် ရင်းနှီးမှုရှိအောင်စနေ တနင်္ဂနွေတွေမှာ ခေါ်ထိန်းနေတယ် အမေတို့အမြင်မှာတော့ ကျွန်တော့ဆရာရဲ့သမီးလေးပေါ့
ဆရာကလည်း ကလေးလေးကို အတောါချစ်ပါတယ်
နောင် လာဦး
ဟုတ်
အကိုရော သမီးလေးရော ရှိတဲ့ရက် အကို့အိမ်မှာ ဟင်းချက်နေတုန်း အကိုကခေါ်တော့ လက်စသက်ပြီး ဧည့်ခန်းထဲကိုထွက်လာခဲ့တယ်
ထိုင်
"နောင် မလေးကိုသွားချင်ရင်သွားပါ အကိုသမီးလေးနဲ့ နောင့်မိဘတွေကို စောက်ရှောက်ထားမယ်။ စိတ်ပူစရာမလိုဘူးနော်
ဟုတ်ကဲ့ ကျွန်တော် စိတ်ပူတာထက် မခွဲနိုင်လို့ပါ"
ဘယ်သူ့ကိုမခွဲနိုင်တာလည်းဆိုတော့ ကိုကိုယ်တိုင်သာအသိဆုံးပဲဖြစ်သည်။
ကိုယ်ကိုတိုင်လည်းဘာကြောင့်မှန်းမသိ အကို့ကိုပဲ အမြဲစိတ်ထဲရောက်နေတာကဘာကြောင့်လဲ
အကိုက နှုတ်ကသာပြတ်ပြတ်ပြောတတ်ပေမယ့် စေတနာကောင်းတာ ကိုယ်ကျင့်တရားကောင်းတာက အသိဆုံးပင်။ အသားလတ်လတ် အမြဲသပ်သပ်ရပ်ရပ်နေတတ်တဲ့ အကို က ကလေးအဖေအမည်ခံပြီး ကျွန်တော့ကို ကူညီပေးခဲ့တာက ဘာကြောင့်လဲ
ယောက်ျားလေးချင်းမို့ ချစ်နေတာတော့မဖြစ်နိုင် သံယောဇဉ်လား တခြားသူတွေကျဒီလိုမျိုးသံယောဇဉ်က ဘာလို့မဖြစ်ဖူးရတာလဲ လားပေါင်းများစွာနဲ့
မရေမရာဘဝနဲ့ မနေချင်တာကြောင့် ဖွင့်မေးဖို့ဆုံးဖြတ်လိုက်သည်။
"အင်း။ နောင်ခံစားချက်ကို ကိုယ်ရိပ်မိပါတယ်။ကိုယ်ဖွင့်ပြောလိုက်ရင် ရှက်မှာစိုးလို့ ကိုယ်cdတစ်ချပ်ပေးလိုက်မယ် စဉ်းစားကြည့်ပေါ့ "
The gear တဲ့ အဲ့ခွေလေးကိုင်ပြီး စိတ်ထဲငိုင်တိုင်တိုင်
ဘာလဲ ဘာလို့လဲ အတွေးများစွာဖြင့်
အစ်ကိုကရော ဘာကိုဖွင့်ပြောမှာလဲ ???