ဆရာက အပ်သမျှကျောင်းသားတွေအကုန်လက်ခံထားတာကြောင့် ငါမနိုင်မသားတွေ 30ကျော်ကို နောင်ကတာဝန်ယူရတာက အမေ့အိမ်မှာတုန်းကလို ကယ်ရီလေးဆွဲလိုက် အမေချက်တာစားလိုက်လောက်မသာယာတော့ပေ။
ဆရာက ကလေးတွေ ဆရာ့ဆီမှာမှလက်မခံထားရင် တခြားအပ်စရာကျူရှင်မရှိတာကြောင့် လာသမျှ သင်ရပါတယ်။
နောင်အတွက်မလွယ်သလို ကလေးတွေလည်းမချောင်ပါ။ မနက်6နာရီ ကျူရှင်အရောက်လာရပါတယ်။စာတစ်ချိန်သင်ပြီးမှကျောင်းကြီးကိုသွားကြရတယ်။
ညနေ3ခဲွကျောင်းဆင်းပြီး 4ခွဲ ကျူရှင်အရောက်လာရပါတယ်။ အချိန်မီမရောက်ရင် နောက်ကျတဲ့ခြေထောက် နောက်ရက်နောက်မကျရဲအောင်လုပ်ပေးရပါတယ်။
အညာမှာရှိတဲ့ ထန်းပင်ကထန်းလပတ်ပြားကို ရိုက်လို့ရတဲ့အရွယ်ထိလှီးဖြတ်ပြီး အဓိကအသုံးပြုပါတယ်။
ထန်းလပတ်ကိုတော့ အောင်ဘုအဖေ ဦးသာဆောင်က စပွန်ဆာပေးထားတာကြောင့် နောင့်အတန်းမှာ တုတ်စိမ်းစိမ်းလေးတွေအမြဲရှိတယ်။ ကိုကိုတောင် နောင့်တုတ်ကို လာယူသုံးလေ့ရှိတယ်။
နောင်က အေးအေးဆေးဆေးလေး ပုံပြင်ပြောပြီးသင်ချင်ပေမယ့် ကိုကိုက ဒီစာ ဒီနေ့ ရအောင်trainဖို့ သက်မှတ်ပေးတာကြောင့် နောင်တို့ ကျောင်းသေးသေးလေးက ညနေ ငါးနာရီမှာဆိုရင် တုတ်ပွဲရှိတယ်။ တုတ်ပွဲဆိုတာက,
ညနေရောက်ရင် မနက်ကသင်တဲ့တာ လေ့ကျင့်ခန်းတွေလုပ်ရတယ်။ စာကျက်ရတယ် နောင့်ကျောင်းသားတွေမှာတစ်နေ့စာတစ်နေ့လုပ်တဲ့ record စာအုပ်လေးတွေထားရတယ်။ တစ်ခုပြီးတိုင်း လက်မှတ်ထိုးပေးရတယ် ငါးနာရီရောက်ရင် ပြန်စစ်လို့ လက်မှတ်မပြည့်စုံရင် တုတ်ပွဲမှာဖြည့်ရတယ်။
နောင်က ကိုယ့်တုန်းကလို ကျောင်းပြီးမှ စာပြန်မလုပ်စေချင်လို့ တစ်ရက်ကို မီးနင်းသုံးဆယ် နဲ့ လေ့ကျင့်ခန်းနှစ်မျက်နှာ နေ့တိုင်းလုပ်ခိုင်းတယ်။ သင်ရုံပဲမဟုတ်ဘဲ မေးတာစစ်တာတွေကြောင့် ပိုပင်ပမ်းပါတယ်။ ကိုယ်သေချာ ကြပ်ပေးထားတာကို သေချာလိုက်လုပ်ကြပေမဲ့
ကြည်ကြည်မာ တစ်ယောက် မီးနင်းပြန်တာ သေချာမရတာကြောင့်
လက်သီးဆုပ်ကို ရှေ့ထုတ်ထား
သေချာပြန်ကျက်မယ်
ခွပ် ခွပ် ခွပ်
အရင်နေ့ထဲက စာမရရင် အပြစ်ပေးမယ်လို့သတိပေးထားလား မပေးထားဘူးလား
ပေးထားပါတယ်
သိရဲ့သားနဲ့ ကျက်မလာတာဆိုတော့ မလေးစားတာပေါ့
မဟုတ်ပါဘူး ကျက်လာပါတယ် မရတာပါဆရာ
ကျက်လာရင်ရမှာပေါ့
နောက်ရက်သေချာကျက်မယ် ဟိုဘက်ကိုလှည့်
ဖြန်း
ဖြန်း
ဖြန်း
ဆရာနောင်ကအရင်လိုပေါ့ပေါ့လေးနေလို့ရတဲ့ဆရာမဟုတ်
အိမ်စာတွေနေ့တိုင်းပေးတယ် နေ့တိုင်းစစ် အိမ်စာစစ်ပြီးမှစာစသင်တယ်
မပြီးလာရင် သေချာလုပ်မလာရင်တော့ တုတ်စာစားပြီးမှဆက်သင်ရတာက ထုံးစံလိုဖြစ်နေပြီ
(သေချာအပိုင်းလေးခွဲချင်တာကြောင့် update နဲ့ပဲဆက်ရေးပါမယ်။ကျေးဇူးတင်ပါတယ်။)