နောင် နယ်ကမင်းအမဆုံးပြီတဲ့
ဟင်
ဘယ်လိုဖြစ်တာလဲ
မီးတွင်းထဲမှာဆုံးတာတဲ့ သူ့ယောကျာ်းကလည်း ပြန်မလာတာငါးလလောက်ရှိပြီ
ကလေးမွေးပြီးတော့ ပမ်းပြီးဆုံးသွားတာ
မင်းလာခဲ့ဦး
အကို့ဆီခွင့်တိုင်ပြီး နယ်ကိုဆင်းရတယ်
အကိုရှာပေးတဲ့အလုပ်ရပြီး နိုင်ငံခြားသွားဖို့ရက်ပိုင်းအလိုမှာပေါ့
အမက အမေတို့သဘောမတူတဲ့ယောကျာ်းယူပြီး တနယ်တကျေးကိုသွားနေတာပါ ဒုက္ခရောက်တော့ ပြန်မပြောရဲဘဲကြိတ်ခံနေတာ သေမှသိရတဲ့အဖြစ်ဗျာ
အမက မွေးခဲ့တဲ့ကလေးလေး သူစိမ်းတွေကြားမှာမထားခဲ့ရက်လို့ ကျွန်တော်ခေါ်လာတယ် နီတာရဲလေး တကယ်ကို မထိရက်မကိုင်ရက်စရာသမီးလေး
အမဆုံးတာ အမေတို့မသိသေး
ဒီကိစ္စကိုသိရင် တက်မတတ် ချက်မတတက်ဖြစ်သွားမှာကြောက်တယ် နောင်ကိုယ်တိုင်ကလည်း မလေးကိုသွားရတော့မှာ မစဉ်းစားတတ်တော့တာနဲ့ အစ်ကို့ဆီခေါ်လာလိုက်တယ်
မင်းမိဘနဲ့ကတော့အသင့်တော်ဆုံးပဲ ဒီကလေးလေးအတွက်က မင်းမပြောရဲရင် ဒီလိုပြောပါလား ကိုယ့်သမီးလေးလို့ပြေ့ာလိုက် မစောက်ရှောက်နိုင်လို့ ထိန်းကူပေးဖို့ပေါ့ သူ့ကိုယ်သူထိန်းနိုင်တဲ့အရွယ်ရောက်ရင် ကိုယ်စောက်ရှောက်ပေးပါမယ်
အဆင်ပြေဆုံးလို့ထင်တယ် ကျွန်တော်လည်း သွားတော့မှာဆိုတော့
ဆရာကအမေ့ဆီမှာသေချာအပ်ပေးတယ်