Time skip.....
အကိုနဲ့ကျွန်တော်ညားပါပြီ
အကိုက မညှာသလို ကျွန်တော်လည်း အကို့လွှမ်းမိုးမှုအောက်မှာ ကျေနပ်ပီတိဖြစ်ရပါသည်။
နောင် သေချာစစ်မယ်
မီးနင်းပြန်ဖို့ လက်ပိုက်လေးတွေနှင့်စောင့်နေကြသော ကလေးများ
သမီးလေးစာလုပ်ဖြစ်အောင်ဖွင့်ပေးထားသည့် ကျူရှင်လေးသည် အခုဆိုလူအတော်စည်နေပြီဖြစ်သည်။
ဟုတ်ကဲ့
ကျောင်းသူလေးလေးယောက်ကိုနောင် မီးနင်းမေးနေခြင်းဖြစ်သည်။
စုပ်ယူသည် မှုတ်သည် နွားစာခွက် ဈေးအသေး
တစ်ယောက်တစ်လုံးစီမေးတာပါ
ကလေးမလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက်
ချက်ချင်းဆိုမယ်
1
2
3
အခုထိမဖြေနိုင်သေး အကိုနှင့်တွေ့လျှင် သေတော့မယ် ဒီကလေးမတွေ
လေးယောက်လံုး လက်သီးဆုပ်ထား
a b s o r b စုပ်ယူသည် 3ခါဆိုမယ်
absorb စုပ်ယူသည်
ခွပ်
absorb စုပ်ယူသည်
ခွပ်
absorb စုပ်ယူသည်
ခွပ် မှတ်ထား စာမရရင်နာမယ်ဆိုတာ
ဟုတ်ကဲ့ အကိုနောင် နောက်ရအောင်ကျက်ပါမယ်။
ကလေးမလေးက နောင်ရိုက်မယ်လို့မထင်ထားတာကြောင့် အံ့ဩနေသည်။
နောက်ရက်ရအောင်ကျက်လာဖို့ မျှော်လင့်တယ်။မရရင် ဒီထက်နာမယ် သွားတော့
နောက်တစ်ယောက်
ထိုနည်း၎င်း
blow မှုတ်သည်
manger နွားစာခွက်
Bazar ဈေးငယ်နောင် ခေါက်ပြီးမှစိတ်မကောင်းဖြစ်လာသည်။ တစ်ညနေလုံး စာအတူလုပ်နေကြသည့် ကလေးမလေးယောက် ဘာသံမှထွက်မလာကြ စာပဲခပ်တည်တည်နှင့်ကုပ်လုပ်နေကြသည်။ လူများတော့ အကိုမနိုင်မှာစိုးလို့ ကူသင်ပေးနေတာဖြစ်သည်။အကိုနှင့်တွေ့လျှင် ဒီထပ်နာပေလိမ့်မည်။
သူတို့စားပွဲအလယ်ကို ပရုပ်ဆီဘူးလေးချပေးပြီး ရော့ နာရင်ဆေးလိမ်းလိုက်ဦး
အကိုက စာရစေချင်လို့ ဆုံးမတာပါညီမလေးတို့ အကို့ကိုနားလည်တယ်မလား
ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့
နားလည်ပါတယ်ရှင့် နောက်ရက်မှားရင်လည်း သမီးတို့ကိုဆုံးမပါရှင့် ကျေးဇူးတင်ပါတယ်အကိုကြီး
အင်း စာလုပ်တော့
တကယ်မျက်ရည်ကျနေတာဖြစ်သည် ကလေးတွေကို ကျောပေးပြီးတော့
နောင် စိတ်မကောင်းမဖြစ်နဲ့လေ ကလေးတွေတောင်နားလည်တယ် ကိုယ်ကျောင်းသားပီသကြတယ် မငိုနဲ့နော်
အကိုက ကျွန်တော်ကို နောက်ကိုခေါ်ချော့သည်။
အဲ့ရက်နောက်ပိုင်း နောင့်ဆီစာလာဆိုချင်တဲ့သူမရှိသလောက်ဖြစ်လာသည်။အကို့ဆီမှာ လူအုံနေကြသည်။အရမ်းသဘောကောင်းတယ်ထင်နေကြလားမသိ ဟွန်း
နောင်က စစ်စစ်ပေါက်ပေါက်မေးတာကြောင့် အကုန်လုံးဂျောင်းဂျောင်းပြေးမှမရရင် အရိုက်ခံရသူချည်းဖြစ်သည်။
တစ်နေ့ မီးနင်းသုံးဆယ်ကျက်ပြီးစာပြန်ရသည်။စာပြန်ပြီးသားသူက whiteboard တွင်အမည်မှတ်ထားသည်။ကျောင်းဆင်းကာနီး စာမပြန်ရသေးသူတွေ တွယ်ခံရသည်။
ကဲ ကိုယ့်အကြောင်းကိုယ်သိတယ်နော်
ရှေ့ထွက်ခဲ့
အားလုံး ထမီရှည် ပုဆိုးရှည်တွေနှင့် 4ယောက်
နောင်က မနက်ထဲက ရေစိမ်ထားသည့် ကြိမ်လုံးနှစ်လုံးနှင့်
ကေဇင်မ စာဘာလို့မကျက်လာတာလဲ
ကျက်ပါတယ် မရလို့ပါ
မရတာ ရအောင်မကျက်လို့ပေါ့ လှည့်ဟိုဘက်ကို
တင်းနေအောင်ဆွဲထားထမီကို
ဖြန်း