အသံကြည်ကြည်လေးနှင့် တစ်ဘက်လူနားဝင်အောင် ရှင်းပြတတ်သည်။အကိုနာမည်က မင်းသစ်လွင် တဲ့။
ရပ်ကွက်ထဲမှာလည်း အားလုံးကချစ်ကြ လေးစားကြတယ်။ကျောင်းဆရာဆိုပြီး အထာကြီးနဲ့မနေပေမယ့် အကို့မှာ အရှိန်အဝါတစ်ခုခုရှိနေတယ်။ဘယ်လိုပြောရမလဲမသိ
မလေးရှားမှာရှိတဲ့ သူငယ်ချင်းက အလုပ်ရအောင်လုပ်ပေးမယ်အင်္ဂလိပ်လိုနည်းနည်းပါးပါးပြောတတ်အောင်လုပ်ခဲ့ဆိုတော့ ဘယ်ကစလို့စရမှန်းမသိ
အဲ့တာနဲ့ အစ်ကို့ဆီအကူအညီတောင်းခဲ့တယ်။အင်္ဂလိပ်စာ သင်ပေးဖို့ပေါ့။
အစ်ကိုက ကျောင်းမသွားခင် မနက်6နာရီကနေ 8နာရီအထိသင်ပေးတယ်။မနက်6နာရီမီအောင်လာရတယ်။စာသင်ကြည့်မှ အတော်စည်းကမ်းကြီးမှန်းသိရတယ်။ကျွန်တော်လည်း ဘဝအတွက်ငွေရှာရမှာမလို့ မြန်မြန်တတ်ချင်ပါတယ်။
"နောင် မီးနင်းကျက်ခဲ့လား"
"ဟုတ်ကဲ့ ကျက်ခဲ့ပါတယ်ဗျ"
"မေးမယ်"
,
,
,
အကိုရေးပေးတဲ့မီးနင်းကို တစ်ရက်အလုံး 100ကျက်ရတယ် မရရင်တွေ့မယ်ဆိုတော့လည်း
အကိုက မရတဲ့အလုံးတွေကို ဘောပင်နဲ့ခြစ်ပြီးအလုံးရေမှတ်နေတယ်
တော်တော်များများကိုမွှေနှောက်ပြီးမေးနေတာ ဒီနေ့က မရတာတွေများလို့လားပဲ အလုံး50လောက်မေးတယ်
"နောင် 22လုံးမှားတယ် စာမကျက်လာဘူးလား"
"ဟုတ်ကဲ့ ကျွန်တော်အိပ်ချင်နေလို့ ဖတ်ရုံပဲဖတ်လိုက်တာပါ"
"လာခဲ့"
အစ်ကို့နားကို လက်ပိုက်ကလေးသွားလိုက်တော့ အစ်ကို့လက်က ကျွန်တော့်ဗိုက်ခေါက်သားကို ပြုတ်တူကြီးလိုပဲ ဆွဲလိမ်တယ် ကျွန်တော် အဲ့လက်ကို သွားမကိုင်ရဲ
အစ်ကိုကစေတနာအပြည့်နဲ့သင်ပေးတာ ကျွန်တော်သင်တာလေးရက်ပဲရှိသေးတာကို တကယ်နားလည်လာအောင်သင်ပေးတာ grammar ဆိုပြန်ဖတ်စရာတောင်မလိုဘူး တခါထဲနားလည်အောင်ရှင်းပြတယ် သင်တန်းကြေးလည်းပေးလို့မရဘူး
အကို့လက်က ခုထိလွှတ်မပေးသေး
"ဘာဖြစ်တယ်နောင် ဘာလို့စာမရတယ်"
"ကျက် ကျက်မလာလို့ပါ"
"why?"
"အိပ်ချင်နေလို့ပါ"
ဗိုက်က ပုဇွန်ဆိတ်က တစ်ရစ်ထပ်လိမ်လာတယ် ဒစ် ဒစ်နဲ့မြည်နေတယ် ဗိုက်က
"အ့"
"စာမကျက်ဘဲအိပ်ဦးမလား"
"မအိပ်တော့ပါဘူး မအိပ်တော့ပါဘူးဗျ"
ကျွန်တော့်အသက် 25နှစ်ကြီးက မျက်ရည်ပေါက်ပေါက်ကျတယ် အခုထိအားကောင်းကောင်းနဲ့လိမ်ဆွဲထားတယ်
"နောက် မရရင်"
"ကြိုက်တဲ့အပြစ်ပေးပါဆရာ"
"ကောင်းပြီ နောက်ရက် ထပ်သိချင်ရင်စမ်းကြည့် မီးနင်း စာအုပ်ထုတ် ထပ်ပေးမယ် ဒီနေ့မရတဲ့စာရယ် ထပ်ပေးလိုက်တဲ့စာရယ်ပေါင်းမေးမယ်"
"စာမရတဲ့ပြစ်မှုအတွက် ဒီနေ့ တစ်မနက်လုံး မတ်တပ်ရပ်ပြီးသင်ရမယ် "
"ဟုတ်ကဲ့ တောင်းပန်ပါတယ်ဆရာ"
သုံးမိနစ်လောက်ရှိမယ်အလိမ်ခံရတာ နှစ်နာရီမတ်တပ်ရပ်ပြီး သုံးမိနစ်လိမ်ဆွဲခံရတော့ နောင် တော်တော်ကြောက်သွားပါတယ် တကယ်ရအောင်ကျက်ပါတော့မည်။အကိုကနေ ဆရာတွေဘာတွေထွက်လာတာ
အိမ်ပြန်ရောက်တော့ ရေချိုးခန်းထဲမှာလှန်ကြည့်တော့ ညိုနေတယ် ဆေးလိမ်းမလို့ ထိလိုက်တော့ အထိမခံနိုင်လောက်အောင်နာနေတာ။တော်ပြီ နောက်နေ့မရလို့မရဘူး အရင်ရက်တွေက အလုံး 30လောက်မေးရင် နှစ်လုံးလောက်ပဲမရတာရှိတာ သိပြီးသားတွေများတယ် နောက်ပိုင်းရောက်လေခက်လေလိုပဲ ပိုပိုခက်လာတယ်။
"Morning ဆရာ"
"Morning နောင်"
"ဆရာလို့မခေါ်လည်းရပါတယ်နောင်
စာပဲလုပ်ရင်ရပြီ"
"ဟီး ဟုတ်ကဲ့အကို"
"စာမေးမယ် စာအုပ်ပိတ်ထား"
နောင် စာအုပ်ပိတ်ပြီး လက်ပိုက်ထားလိုက်တယ် အကို့ကို ထပ်ပြီးမလေးမစားမလုပ်ရဲတော့ဘူး
,,
,,
,,
,,
မေးလိုက် ပြင်ပေးလိုက်ခေါက်ခြစ်လိုက်နဲ့
ခြစ်ထားတာတွေများလာရင် နောင့်လက်တွေတုန်လာတယ်
အကိုကနောင့်အတွက်ကျက်ဖို့ကို သူကိုယ်တိုင်ချပေးထားတာ နောင်ကလိုက်မှတ်ပြီးပြန်ကျက်ရတာမို့ မေးတော့လည်းအလွတ်မေးတာပါ
"ရှစ်လုံးမှားတယ် မှတ်မိအောင်လုပ်ပေးမယ် ချရေးလိုက် မှားတဲ့စာလုံးတွေ
နံပါတ်စဉ်တပ် exhausted,...,....,...
နောင်ရေးပြီးတော့
"ဘောပင်ကိုလက်ထဲထည့်ဆုပ်ပြီး လက်ကိုရှေ့ထုတ် ရေးထားတဲ့စာရွက်ကို မြင်သာအောင်ချထားမယ်"
အကိုက မနေ့ကလို စိတ်တိုမနေပါ
လက်ထဲမှာတော့ အဖွားယက်ကန်းစင်ကလွန်းတံလေးကိုင်ထားတယ်
အကို ဘာလုပ်မယ်ဆိုတာ ရိပ်မိလာပြီ
နံပါတ် 1 ဆိုမယ် 3ခါ
e x h a u s t e d မောပမ်းသည်
ခွပ်
မီးပွင့်သွားသည်
e x h a u s t e d မောပမ်းသည် "အ့"
e x h a u s t e d မောပမ်းသည်
ခွပ် "အ့"
ရပြီလား
ရပါပြီ ရပါပြီဗျ
ကိုယ့်လက်လေးကိုအုပ်ရင်းပွတ်နေမိသည်
No 2
No3
.
.
No8
တကယ် အဲ့ရှစ်လုံးကိုမမေ့တော့ပါ
လက်ဆစ်တွေလည်းနှစ်ဘက်လံုးယော
င်နေပြီ
အဲ့နေ့ကစပြီး ကျွန်တော် ကယ်ရီဂိတ်မှာ မီးနင်းစာအုပ်လေးအမြဲကိုင်ဖြစ်သွားပါတယ် အစ်ကိုက တကယ်တော်တဲ့ဆရာတစ်ယောက်ပါ စာကို ဘယ်နည်းနဲ့ရအောင်လုပ်ရမလဲသိတဲ့သူပါ
အကိုကျေးဇူးနဲ့ အင်္ဂလိပ်စကားလုံးပေါင်းများစွာ ရလာခဲ့တယ်
နောက်ရက်အတန်းတက်ရမှာမလို့ ဒီနေ့တွက်က ဒီလောက်ပါဘဲဗျာ💗
စာရေးတဲ့သူကိုမဟုတ်ဘဲ ဖတ်ရတာ အဆင်မပြေရင် ပြောပါဗျ
အဆင်ပြေရင်လည်း voteလေးပေးပေးပါနော်
ကြိုက်မကြိုက်သိချင်လို့ပါဗျ
part1ရေးပြီး ဇာတ်လမ်းစဉ်းစားမရလို့ ဒီနေ့မှစရေးဖြစ်တာပါဗျ
ဝင်ဖတ်ပေးတာနဲ့တင် တကယ်ကျေးဇူးတင်ပါတယ် ကြိုးစားပါဦးမယ်ဗျပြုတ်တူ-chopstickအကြီးစား