part 9

1.3K 36 2
                                    

listening tipsတွေနားလည်ပြီလား ဘာမေးချင်လဲ
မရှိတော့ပါဘူးဗျ နားလည်ပါပြီ
နောက်ထပ် 35ပုဒ်ထပ်ပေးမယ် နားလည်ပြီဆိ‌ုတော့ ဖြေရလွယ်မှာပါ

နောင် pov:ရက်စက်လိုက်တာအကိုရာ listening တစ်ပုဒ်တစ်ပုဒ်ကို အဖြေကိုပဲရေးရတာမဟုတ်ဘဲ ဘယ်သူကဘာပြောတယ် ဘယ်လိုreplyပြန်တယ်ဆိုတာကို အသေးစိပ်ပြန်ရေးရတာ မနေ့က အပုဒ် 30လုပ်ပြီးလို့ အတော်အီနေပြီကို ထပ်ပေးတယ်😪
အပြင်မှာတော့ ဟုတ်ကဲ့
အိမ်စာမပြီးရင် ကိုယ့်အကြောင်းသိတယ်နော်
ဟုတ်ကဲ့ သိပါတယ်ဗျ
အိမ်ရောက်တော့ တကိုယ်လုံးကိုင်ရိုက်ထားသလိုပင်ပမ်းနေတာကြောင့် အိပ်လိုက်တယ် ပြန်နိုးလာတော့ ညနေ4နာရီ
ဟင် အိမ်စာတွေလုပ်ရဦးမှာ
----------------------------------------------
စနေနေ့မလို့ ဒီနေ့တစ်နေ့လုံး အကိုနဲ့သင်ရမှာပါ
ညှိူးငယ်သောမျက်နှထားဖြင့် လာမယ့်ဘေးပြေးတွေ့လိုက်သည်။
အကို ကျွန်တော်အိမ်စာမပြီးခဲ့ပါဘူးဗျ
ကိုယ်ရိုက်တာမထိရောက်ဘူးထင်တယ် ဘယ်နှပုဒ်လုပ်ဖို့ကျန်လဲ 25ပုဒ်ပါ
ဟမ်
25ပုဒ်ပါအကို
ထိုင်ထလုပ်မယ် တစ်ပုဒ်ကိုအခါ 20
ဟုတ်ကဲ့
စုစုပေါင်းဘယ်နှခါလုပ်ရမှာလဲ
အခါ အခါ 500ပါ
နောက်တစ်ခါလုပ်မလာရင် နှစ်ဆ လုပ်ရမယ်
ဟုတ်ကဲ့
နားရွက်ကိုလက်နဲ့ကြက်ခြေခတ်ဆွဲပြီးလုပ် အကြိမ်ရေမယ် နားခွင့်မရှိဘူး
ဟုတ်
1
2
3
.
.
.
.
.
188
189
190
200
တစ်ရာထိတော့ကောင်းကောင်းလုပ်နိုင်တယ် နှစ်ရာကျော်တော့ တစ်ကြိမ်တစ်ကြိမ်ကို လေးလာတယ် ဒူးတွေကုန်ပြီထင်ပါတယ် အကိုကတော့ ကုလားထိုင်ပေါ်မှာ အင်္ဂလိပ်သတင်းစာဖတ်နေတယ်
235
ဘယ်လိုမှ မထနိုင်လို့ ထိုင်နေလိုက်တယ်
အကို့ဘက်ကို တိတ်တိတ်လေးခိုးကြည့်လိုက်တယ် သိပ်ကြောက်ရတဲ့လူသားပါ
ရိုက်လိုက်တာကမှတော်ဦးမယ် ခုကအီစလံဝေနေပြီ
ဆက်လုပ်လေ ဘာလုပ်နေတာလဲ
ကျွန်တော် မထနိုင်လို့ပါ
နားချင်လား နားလေ 100တိုးမယ်
မနားတော့ပါဘူးဗျ
298 299 300
တကယ်ကြီးပေးမနားတာပဲ အီး
ခြေထောက်တွေရော ခါးတွေရော ကိုင်ရိုက်ထားသလိုပဲ အီစိမ့်နေပြီ
ခဏနားဦး
ဒူးတွေတုန်နေတယ် ရပ်ဖို့လည်းအားမရှိတော့သလို ငုတ်တုပ်လည်းမထိုင်နိုင်တော့
200ကို မနက်ဖြန်မနက်ကို စောလာပြီးလုပ်ရမယ်
စာသင်ချိန်မှာလုပ်ခွင့်မပေးဘူး
မနက်ဖြန်မလုပ်ဖြစ်ရင် နောက်ရက်ရွှေ့ရင် နှစ်ဆလုပ်ရမယ်
သဘောပေါက်လား
ပေါက်ပါတယ်ဗျ
ရပြီ ပြန်တော့

အချစ်မှသည်(Complete)Where stories live. Discover now