He & His (part 1)

2.1K 61 3
                                    

Unicode

He & His  [ Part 1 ]

MEW ကားမောင်းလာရင်း လက်က နာရီကို
တကြည့် ကြည့် ဖြစ်နေရတယ် ..

ဒီနေ့အတွက် သူ့ရဲ့အတွင်းရေးမှုး မြတ်သူ 
ပေးထားတဲ့  အချိန်တွေက အရမ်းကို
ကပ်လွန်းနေတယ် ..

မနက် ၇ နာရီ Mr. William တို့နဲ့ တွေ့ဆုံ စကားပြော ပြီးတာနဲ့ See U, Bye Bye လုပ် ..
နောက်ထပ် ဘဏ်လူကြီးများ
အစည်းအဝေးက ၈နာရီခွဲ ဆိုတော့
သူ့မှာ ကားမောင်းရတာ အမြန်လိုနေ
တော့တယ် ..

ကိုယ့်ကိစ္စနဲ့ အမြန်လိုနေပါတယ်ဆိုမှ သူ့ရှေ့
ကားလမ်းပေါ်က ကျောင်းသားတယောက်‌‌ အေးဆေး လျှောက်နေတာကြောင့်
MEW စိတ်ညစ်သွားရတယ် ..

အဖြူနဲ့ အနက်တက္ကသိုလ်ကျောင်းဝတ်စုံ...
ကျောပိုးအိတ်ကိုလွယ်ရင်း
နားမှာလည်း နားကြပ်က တပ်ရက်သား ..

မနက်စောစောဆိုတော့ သူလည်း
သီချင်းလေးတအေး အေး နဲ့  စိတ်တိုင်းကြ လျှောက်နေတော့တာပေါ့လေ  ..

MEW ကားကို ကျောပေးပြီး လျှောက်နေတဲ့
ကောင်လေးကို ပထမတော့ ဟွန်းသံပေးဖို့
စိတ်ကူးလိုက်မိသေးတယ် ..
ဒါပေမယ့် MEW ရောက်နေတဲ့ ရပ်ကွက်က
ကိုယ့်ဝန်းကိုယ်ခြံနဲ့ တိတ်တိတ်ဆိတ်ဆိတ်
နေကြတဲ့ ရပ်ကွက်ဆိုတော့ ..
MEW ကားဟွန်းတီးဖို့ အကြံကို လက်လျှော့
လိုက်ရတယ် ..
ပြီးတော့ နောက်ကျောပဲ မြင်နေရတဲ့
ကောင်လေးရုတ်တရက် လန့်သွားမလားလို့ သူ စိုးရိမ်လိုက်မိတယ်

ကြည့်ရတာ ကိုယ်တော်ချောလေးက လမ်းကို
သူအပိုင် လမ်းများ မှတ်နေသလားပဲ ..
ဖြစ်ချင်တော့ လမ်းကလည်း
တလမ်းသွား လမ်း

ဒီပုံအတိုင်းသာဆိုရင် တဖက်က အစည်းအဝေး MEW နောက်ကျဖို့
ကျိန်းသေနေပြီ ..

ကားကို MEW လျှောက်နေတဲ့ ကောင်လေး
ဘေးကနေ ကပ်ပြီး မောင်းလိုက်တော့တယ် ..

" ဗွမ်း "

" ဟာ ! သွာပြီး "

သူ့ဘောင်းဘီစကို လာပြီး စင်လိုက်တဲ့
ရွံ့ဗွက်ရေတွေကို ငုံကြည့်ရင်း ဖြတ်မောင်း
သွားတဲ့ ကားကိုလည်း Gulf လှမ်းကြည့်
လိုက်တယ် ..

He & HisWhere stories live. Discover now