TOGETHER-6

1K 126 26
                                    

Unicode

Yoongi ရှေ့က စာရွက်ဖြူတွေကို အကြောင်းမဲ့ ငေးကြည့်နေမိသည်....

အရင်ကဆို ဒီအချိန်မှာ သူသီချင်းဖန်တီးနေပြီဖြစ်သည်....သို့သော် ခုတော့ စိတ်မပါပေ...

သူအခန်းထဲ ဝင်လာခဲ့တာ ငါးနာရီတိတိရှိပြီ ဖြစ်သော်လဲ စာတစ်ကြောင်းတောင် အစမချီနိုင်သေး.....

ပွင့်ဟလာမဲ့ ကျွီခနဲ တံခါးဖွင့်သံကိုလည်း ရူးနှမ်းစွာ စောင့်​နေမိသေးရဲ့....

တကယ်ပဲ ကလေးငယ် စိတ်ဆိုးသွားပြီလား....ရင်ထဲက တော်တော်လေး နေလို့မကောင်းတော့ပါ....

"နာလိုက်တာ....''

ဝဲဘက်ရင်အုံကို လက်နဲ့ဖိရင်း ရေရွတ်လိုက်သည်.... နာသည်....ဘာနဲ့မှမတူအောင် အရမ်းကို နာကျင်နေရ၏....

ဝေဝါးလာတဲ့ အမြင်အာရုံကြောင့် မျက်လုံးအစုံကို မှိတ်ချလိုက်သည်....ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်စီးကြောင်းတို့က ရင်ထဲကလို ပူလောင်နေလျက်....

ခုထိ သတိ္တမရှိသေးတဲ့ သူ့ကိုယ်သူလဲ တော်တော် စိတ်ကုန်နေပြီဖြစ်သည်....

မျက်လုံးတို့ကို ပြန်ဖွင့်ရင်း မျက်စိရှေ့မှ ဗလာသက်သက် စာရွက်တို့ကို သူအိပ်စက်ရာ ကုတင်ရဲ့ ဘေးက စားပွဲခုံလေးပေါ် ပစ်တင်လိုက်သည်.....

ခေါင်းအုံးပေါ်ကို ဘုန်းခနဲ ခေါင်းချလိုက်ပြီး ခန္ဓာကိုယ်ကို ကွေးလိုက်ကာ ရင်ထဲက နာကျင်မှုအား အသံတိတ် ဖြေဖျောက်နေမိသည်....

တကယ်ပဲလား....တကယ်ပဲ သူ့ဆီကို မလာတော့ဘူးလား....

အများကြီး မဟုတ်ပေမဲ့ ကလေးငယ် သူ့ဆီလာမယ်လို့ နည်းနည်းလေးတော့ မျှော်လင့်ထားမိသား...

ကျွီ......

မျှော်လင့်ချက်တို့ အသက်ဝင်လာခဲ့သည်....ကျွီခနဲ တံခါးဖွင့်သံနဲ့အတူ....မကြာပါ....သူ့ဘေးနားက အိခနဲ ခံစားချက်နှင့် ခါးပေါ်ရောက်လာသည့် လက်အစုံ....

"တောင်းပန်ပါတယ် Hyung....''

အနောက်ကနေ ထွေးဖက်ထားသူက သူ့ဆံပင်ကို အနမ်းခြွေရင်းပြောသည်....

သူ့မှာ ဟန်မဆောင်နိုင်စွာပင် ကောင်ငယ်လေးဘက် အမြန်လှည့်ရင်း ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး ငိုကြွေးမိသည်....ကလေးငယ်ဘက်ကပဲ အမြဲတောင်းပန်နေတာမို့ သူအရမ်းအားနာရပါ၏....

TOGETHER (COMPLETED)Where stories live. Discover now