Unicode
Jungkook Keyboardပေါ် မျက်နှာအပ်ထားမိသည်...လွမ်းသည်....ဒီရင်ထဲမှာ နင့်နင့်နဲနဲပါပဲ....
Hyung....Suga Hyung....Yoongi Hyung....Kitty Hyung....သူအမျိုးမျိုးခေါ်ခဲ့တဲ့ နာမည်လေးတွေ....
Hyungအိပ်နေတဲ့အချိန်တိုင်း Cameraနဲ့ရိုက်ပြီး မှတ်တမ်းတင်တတ်တာတွေ....Hyungရဲ့ One Senceရိုက်ကူးရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျသွားပြီး Cameraထဲ ထည့်သိမ်းထားတတ်တာတွေ.....(This Is Real.....Source From Media....)
လွမ်းလိုက်တာ Hyungရယ်...သုံးရက်...သုံးရက်တဲ့....ခုဆိုပြန်မလာတာ ငါးရက်တိတိရှိပြီ...ဘာလို့လဲ....ဘာလို့ ဒီရင်ကို စွန့်ခွာသွားရက်ရတာလဲ....
"Jungkookie...တခုခုတော့ စားရအောင်လေ...''
သူ့ရဲ့Studioထဲ ဝင်လာတဲ့ Taehyung hyungအား ခေါင်းထောင်၍ မကြည့်နိုင်အောင်ထိ ငိုင်နေမိဆဲ.....
Studioဆိုပြီး တွေးမိတော့ Bang PD Hyungကအစ ဘဲလ်မတီးပဲ ဝင်ခွင့်မရှိတဲ့ hyungရဲ့ studioထဲ....အသံတိတ် ခိုးခိုးဝင်ပြီး အလုပ်လုပ်နေတဲ့ hyungကို ဖက်ဖက်နမ်းခဲ့တာတွေ ပြန်သတိရလာ၏....
"Jungkookie...ထ...hyungတို့နဲ့အတူ ထမင်းစားသွားမယ်...''
ပခုံးကိုပုတ်ပြီး ခေါ်လာသည့် jimin hyungအား ခေါင်းကိုအသာခါပြလိုက်သည်....
"Aigoo...လာပါ ယုန်ပေါက်လေးရယ်...အကိုတွေနဲ့အတူတူ ခါကြက်ဥဖြစ်ဖြစ် ကန်စွန်းရွက်ဖြစ်ဖြစ် စားရအောင်ပါကွယ်....''
သူ့ခါးကို အတင်းဖက်ပြီး ဆွဲခေါ်နေတဲ့ jin hyungကြောင့် လေးပင်နေတဲ့ ခန္ဓာကိုယ်ကို အားယူကြွလိုက်ရသည်...
စိတ်ညစ်နေတာ မှန်ပေမဲ့ အကိုတွေကိုတော့ စိတ်ဆင်းရဲအောင် မလုပ်ချင်ပါလေ...
"Hyungနဲ့ အဆက်အသွယ် ရသေးလားဟင်...''
ထမင်းမစားခင် Namjoon hyungကို မေးလိုက်တော့ ထမင်းစားဖို့ တူကိုင်ထားတဲ့ hyungလက်တွေက ခေတ္တငြိမ်ကျသွားသည်...
"အာ...hy..hyungက နားရက်ရတုန်း အေးအေးဆေးဆေး နေချင်လို့ ဖုန်းပိတ်ထားတာတဲ့...အဟင်း...''
သူသက်ပြင်းချလိုက်သည်....လိမ်ပြန်ပါပြီ....Daeguကို ပြန်သွားကတည်းက လုံးဝပြတ်တောက်သွားတဲ့ ဆက်သွယ်ရေး....hyungရဲ့အိမ်ဖုန်းပင် တပ်ဆင်မှုဖြုတ်ထားသည်တဲ့....
ESTÁS LEYENDO
TOGETHER (COMPLETED)