Unicode
"Hyung...လာ...''
မိမိလက်ကိုဆွဲပြီး ဈေးတန်းထဲကို ဝင်ချလိုက်သူကြောင့် Yoongi စိတ်ညစ်သွားရသည်....ဒါကြောင့် အကျႌမလဲခိုင်းတာဖြစ်မည်...
Marketဝင်တာမဟုတ်ဘဲ လူတွေအုပ်အုပ်ကျပ်ကျပ် ဖြစ်နေတဲ့ ဈေးတန်းကို လာတာမို့ လူကြားထဲ ရောက်နေရတာ သူသိပ်သဘောမကျပါ....
ဤသည်ကိုလဲ ကောင်လေးက သိပုံပင်....တခြားသူတွေနဲ့ မထိစေဘဲ သူ့ကိုရင်ခွင်ထဲ ဆွဲသွင်းရင်း ဝယ်စရာရှိတာတွေ ဝယ်နေလေသည်....
"Hyung...Sojuသောက်မလား...''
ဈေးတန်းထဲက Sojuခွက်လေးတွေနဲ့ ချရောင်းနေသည့် ဈေးသည်လေးကို လက်ညှိုးထိုးပြီး ပြောလာသူအား ခေါင်းရမ်းပြလိုက်ပြီး...
"မဟုတ်လဲ ဟိုရောက်ရင် သောက်ရမှာပဲဟာ....''
"အင်းနော်....အ့ဆိုလဲ တခြားမုန့်ဆိုင် ဝင်ရအောင်...''
ထို့နောက် ငါးအူချောင်းတွေ ရောင်းနေတဲ့ ဆိုင်ရှေ့ကို ရောက်သွားရသည်...
"ဦးလေး....ငါးအူချောင်းကိုလေ...ဆယ့်လေးချောင်းတစ်ထုပ်....ခြောက်ချောင်းတစ်ထုပ် ထုတ်ပေးပါနော်...အားလုံးပေါင်းနှစ်ဆယ်....''
"Kookie...ဘာလို့နှစ်ထုပ်ထုပ်မှာလဲ....''
"ရှူး...ငြိမ်ငြိမ်နေပါ...''
ငြိမ်ငြိမ်နေပါတဲ့....မဟုတ်လဲ ငြိမ်ငြိမ်နေနေရတာပဲဟာ....လူကိုဇွတ်အတင်း ရင်ခွင်ထဲသွင်းထားပြီးတော့....
"အန်တီ....ဒီဂုတ်မန်းပေါင်မုန့်လေး နှစ်ထုပ်လောက်....''
"ဦးလေး....ဒိန်ချဉ်နှစ်ဘူး....''
"အမရေ...ကြက်စပ်ကြော်တစ်ပွဲနဲ့ တော့ပိုကီနှစ်ပွဲ...''
မဟုတ်သေး....တော်တော်ကို လွဲနေပြီ....ပြောတော့ ဟိုမှာပဲ ချက်ပြုတ်စားမှာဆို....သို့ပေမဲ့ ခုထိဝယ်နေတာတွေက အသင့်စား မုန့်တွေချည်း....
YOU ARE READING
TOGETHER (COMPLETED)