Unicode
လူတွေကပြောင်းလဲသည်တဲ့...အဲ့လိုပဲ...hyungလဲ သူ့အပေါ် လုံးဝပြောင်းလဲသွားခဲ့သည်....
ညီတယောက်လို ဆက်ဆံသည်...သူနဲ့ဝေးရာမှာ အမြဲနေသည်...သူကိုယ်တိုင် နီးနီးကပ်ကပ် သွားနေတော့လည်း ရှောင်ထွက်သွားတတ်သည်....
သီချင်းအကြောင်း တိုင်ပင်မယ်ဆိုတိုင်း မအားလို့ဆိုသည့် အကြောင်းပြချက်နှင့် ညာသည်...
အဲ့တော့....အခုသူဘာဆက်လုပ်ရမှာလဲ....စိတ်ကျေနပ်အောင် တောင်းပန်ဖို့အတွက် ဒူးထောက်ရမယ်ဆိုလည်း သူဒူးထောက်ရဲပါရဲ့...သို့ပေမဲ့ မျက်နှာချင်းပင်ဆိုင်ခွင့် မပေးမှတော့ သူကဘာလုပ်လို့ ရနိုင်မှာတဲ့လဲ....
"Jungkookie...ထမင်းစားရအောင်လေ...''
အခန်းထဲဝင်လာသည့် hobi hyungအား သူခေါင်းခါပြရင်း...
"တော်ပြီ hyung...ဗိုက်မဆာလို့...''
"ဗိုက်မဆာလဲလာ...suga hyungရော ရှိတယ်နော်...''
အပြင်ဘက်ကို လက်ညှိုးညွှန်ရင်း ပြောလာသူကြောင့် သူ့မျက်လုံးတွေ ဝိုင်းခနဲ ဖြစ်သွားရသည်...hyungသူတို့နဲ့ ထမင်းအတူမစားတာပင် ကြာနေပြီမဟုတ်လား...
"လာပါကွာ...သွားရအောင်...ထ...''
လက်ကိုဆွဲကာ မရမက ခေါ်နေသူကြောင့် သူလဲမငြင်းတော့ပဲ လိုက်သွားလိုက်သည်...
ထမင်းစားခန်းရောက်တော့ တူလေးနဲ့ဟိုတို့ဒီတို့ လုပ်နေသည့် လူသားငယ်...ဘေးချင်းကပ်ရပ် အပြေးသွားထိုင်လိုက်တော့ သူ့ဘက်ကို လှည့်ကြည့်လာသည်မှာ စက္ကန့်ပိုင်းမျှပင် မကြာလိုက်ချေ...
သူလဲတူကိုကောက်ကိုင်လိုက်ရင်း ထမင်းစားဖို့ ပြင်လိုက်တော့သည်...ထမင်းစားနေရင်းနဲ့ ဘေးကလက်တို့မှုကြောင့် ကြည့်မိတော့ jin hyungက ခေါင်းကိုစောင်းငဲ့ပြ၏....
အရိပ်အကဲ နားလည်သူတယောက်မို့ သူလဲ အသားပန်းကန်ထဲက အသားတချို့ကို တူနဲ့ညှပ်ယူရင်း hyungပန်းကန်ထဲ ထည့်ပေးလိုက်သည်...
ထိုအခါ ထမင်းစားရင်း ရပ်တန့်သွားသူက သူ့ဘက်ကို နောက်တကြိမ် လှည့်လာပြီးဆိုသည်...
![](https://img.wattpad.com/cover/260996613-288-k294671.jpg)
YOU ARE READING
TOGETHER (COMPLETED)